(Unicode)
ရှောင်းကျန့် မနက်ခင်းအိပ်ရာကနိုးတော့ရိဘိုကညကသူဖက်အိပ်တဲ့အတိုင်းသူ့ရင်ခွင်ထဲမှာကွေးကွေးလေးအိပ်ပျော်နေဆဲ။အသက်ရှူသံမျှင်မျှင်လေးနဲ့အိပ်ပျော်နေတဲ့ရိဘိုကသူပဲစိတ်ထင်လို့လားမသိနှုတ်ခမ်းလွှာလေးတွေကသွေးရောင်မရှိသလိုဖြူရော်နေသယောင်။ရှောင်းကျန့်ရိဘိုနှဖူးပေါ်ကဆံသားနုနုလေးတွေကိုသပ်တင်လိုက်ပြီးရိဘိုနှဖူးလေးကိုထိကပ်နမ်းရှိုက်မိတယ်။ရှောင်းကျန့်ရိဘိုကိုမုန်းတယ်လို့သာတထစ်ချခံယူထားပေမဲ့ဒီကောင်လေးကိုသူလုံးဝလက်လွှတ်မခံနိုင်ပါ။မုန်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်သူရိဘိုကိုအဆုံးထိဆွဲထားမိမှာအသေအချာ။
ရှောင်းကျန့် ရိဘိုကိုစောင်ပုံထဲထည့်ကာအိပ်ရာကထပြီးရေချိုးခန်းထဲဝင်သွားလိုက်တယ်။ရှောင်းကျန့်ရေမိုးချိုးပြီးရုံးပိတ်ရက်ဖြစ်တာကြောင့်ပေါ့ပေါ့ပါးပါးအဝတ်တစုံလဲဝတ်လိုက်ပြီးအချိန်ကလည်းစောသေးတာမို့ရိဘိုကိုမနှိုးဘဲအောက်ထပ်ဆင်းလာလိုက်တယ်။ရှောင်းကျန့်အောက်ထပ်ကိုရောက်ရောက်ချင်းစံအိမ်ရှေ့ကိုကားတစီးထိုးရပ်လာတယ်။ရှောင်းကျန့်ကြည့်နေတုန်းမှာပဲကားထဲကဆင်းလာသူကဝမ်ချင်
"ဟိုင်း ဟန်နီ မနေ့ကဟန်နီ့အခြေနေမကောင်းလို့ဒီနေ့မှလာလိုက်တာ ဝမ်ချင့်ကိုဟန်နီ့အိမ်မှာတည်းခွင့်ပြုမယ်မလား"
ဝမ်ချင်ကရှောင်းကျန့်နားလျှောက်လာရင်းပြောတော့ရှောင်းကျန့်ဘောင်းဘီအိပ်ထဲလက်နှစ်ဖက်ထည့်ကာ
"အင်း...မနေ့ကတည်းက ကျန်းချန်ကိုလိုက်ပို့ခိုင်းခဲ့တာပဲ ဝမ်ချင်ကြိုက်သလောက်နေလို့ရတယ်"
ဝမ်ချင်ဆိုတာရှောင်းကျန့်မိဘတွေဆုံးသွားတော့ရှောင်းကျန့်နော်ဝေးမှာခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့အချိန်ကာလတွေအတွင်းရှောင်းကျန့်ကိုအကူညီအများဆုံးပေးခဲ့သူ။ရှောင်းကျန့်ဝမ်ချင်သူ့အပေါ်ဘယ်လိုသဘောထားတယ်ဆိုတာသိပေမဲ့ကျန်းချန်ကဝမ်ချင်ကို proposed လုပ်ထားတာကတကြောင်းသူကလည်းဝမ်ချင်အပေါ်သူငယ်ချင်းထက်မပိုနိုင်တာကတကြောင်းသူ့ဘက်ကဝမ်ချင်ကိုသဘောရိုးနဲ့သာအလိုက်အထိုက်ဆက်ဆံနေတာ။
YOU ARE READING
Beyond The Hate[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Love born from hate, at love main believes. OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]