Part-8

4.9K 399 0
                                    

(Unicode)

ရိဘိုမတော်တဆဖြစ်ပြီးတဲ့နေ့ကစပြီးရှောင်းကျန့်ရအရင်လိုရိဘိုကိုမာမာထန်ထန်မဆက်ဆံတော့ပေမဲ့နူးညံတယ်လည်းမဟုတ်။ဒါပေမဲ့ဒီအခြေနေလေးကိုရိဘိုကျေနပ်တယ်။သူအမှားတခုခုလုပ်မိတိုင်းကိုကိုကအပြစ်ဖို့စကားဆိုတတ်ပေမဲ့အရင်လိုကြမ်းကြမ်းတမ်းတမ်းမတုံ့ပြန်တော့။ကိုကိုကသူ့ရှေ့မှာဆို အပြုံးအရယ်မရှိတဲ့မျက်နှာထားနဲ့အမြဲနေပေမဲ့သူ့ကိုဂရုစိုက်ပေးဖို့တော့ဦးလေးယွမ်ကိုမှာတတ်တယ်။ညဘက်တွေဆိုကိုကိုက ကျွန်တော် အိပ်ပျော်သွားတဲ့အထိအိပ်ခန်းထဲဝင်မလာဘဲအလုပ်ခန်းမှာပဲအချိန်ကုန်တတ်တယ်။ဒါပေမဲ့ကျွန်တော်တရေးနိုးလို့ရှိရင်ကိုကို့ရင်ခွင်ထဲရောက်နေတတ်တယ်။အဲ့လိုအချိန်တွေဆိုကျွန်တော်မသိချင်ယောင်ဆောင်ပြီးကိုကို့ရင်ခွင်ထဲပိုတိုးလို့ပြန်အိပ်ရတာကိုသဘောကျတယ်။ဘယ်လိုအခြေနေပဲဖစ်ဖြစ်ကိုကို့နားမှာနေရရင်ကျွန်တော်ကျေနပ်တယ်။ဘာအကြောင်းကြောင့်ပဲကိုကိုကျွန်တော့်ကိုမုန်းနေပါစေကျွန်တော်ကိုကို့ဘေးမှာတွယ်ကပ်နေနေဦးမှာ။ကျွန်တော်ကိုကို့ကို ချစ်တယ်.....။

✴✴✴✴✴✴✴✴

"ကိုကို..."

"အွန်း....ပြော...."

ရိဘိုကုတင်ပေါ်မှာထိုင်နေရာကနေsofaပေါ်မှာအလုပ်လုပ်နေတဲ့ရှောင်းကျန့်ကိုခေါ်တော့ကိုကိုကlaptopကိုအကြည့်မပြတ်ပဲပြန်ထူးတယ်။

"ကျွန်တော်မနက်ဖြန်ကျောင်းပြန်တက်ကတော့မယ် အဲ့ဒါ"

"မင်းနေမကောင်းသေးဘူးလေ နှစ်ရက်လောက်ထပ်နားဦး"

"ဒါပေမယ့်... "

"ရိဘို ငါနှစ်ခါမပြောတတ်ဘူးနော် မင်းနေကောင်းသေးတာမှမဟုတ်တာ တော်ကြာကျောင်းမှာတခုခုထပ်ဖြစ်ရင်ဘယ်လိုလုပ်မလဲ"

ခါတိုင်းရိဘိုကိုကို့ရဲ့အသံကျယ်ကျယ်နဲ့ဆူသံကြားရင်ဝမ်းနည်းတတ်ပေမဲ့ဒီတခါတော့ကိုကိုကသူ့ကိုစိုးရိမ်လို့ဆူတာဆိုတဲ့အတွေးလေးနဲ့ပြုံးလိုက်မိတယ်။ဒါကိုရှောင်းကျန့်ကတွေ့ဖြစ်အောင်တွေ့လိုက်တယ်။

"မင်းကဘာရယ်တာလဲ ငါပြောတဲ့ထဲမှာရယ်စရာပါလို့လား"

"မ...မဟုပါဘူး ကိုကို ကျွန်တော်ကိုကိုမကြိုက်ရင်နောက်မရယ်တော့ပါဘူး"

Beyond The Hate[Complete]Where stories live. Discover now