Part-11

5K 372 0
                                    

(Unicode)

" ဝမ်ရိဘို!....."

"ဟင်...ကိုကို....."

ခွပ်!💢

ရှောင်းကျန့်ကရိဘိုနားကိုဒေါသတကြီးလျှောက်လာကာရှေ့ကလူရဲ့အက်ျီစကိုဆွဲကာဝင်ထိုးပါလေရော။

"ဟာ...ကိုကို မလုပ်နဲ့လေ...ဘာလုပ်တာလဲ...ကိုကို..."

"မင်း...ဖယ်စမ်း..."

"အ..."

ရှောင်းကျန့်သူ့ကိုဝင်ဆွဲနေတဲ့ရိဘိုကိုအားနဲ့တွန်းလိုက်တာကြောင့်ရိဘိုဘေစဥ်နားကိုပုံရက်သားလဲကျသွားတယ်။ထိုအခါမှခုနကလူကရှောင်းကျန့်လက်ထဲကအက်ျီစကိုစောင့်ရုန်းကာရိဘိုနားကိုလျှောက်သွားပြီး

"ညီ...အဆင်ပြေရဲ့လား ဘယ်နားနာသွားသေးလဲ..."

"ဟုတ်..ကျွန်တော်ကရ ဟင် ကိုကို..."

ရှောင်းကျန့်ထိုလူရဲ့လုပ်ရပ်ကြောင့်ပိုပြီးစိတ်တိုလာကာရိဘိုနားကလူကိုဆွဲကာနံရံမှာအားနဲ့တွန်းကပ်လိုက်ပြီး

"မင်း...သူ့နားကပ်စရာမလိုဘူး သူဘာဖြစ်ဖြစ်မင်းနဲ့မဆိုင်ဘူး သူ့ကိုငါကိုယ်တိုင်ဂရုစိုက်နိုင်တယ် မင်းဂရုစိုက်ပေးစရာမလိုဘူး"

"ဒါပေမဲ့ ခုသူက ခများကြောင့်အနာတရဖြစ်ရတာလေ"

ခွပ်!💢

ရှောင်းကျန့်ရဲ့ဒုတိယမြောက်လက်သီးချက်ကြောင့်ထိုလူကကြမ်းပြက်ပေါ်ထိုင်ရက်လဲကျသွားတယ်။ရှောင်းကျန့်လဲကျသွားတဲ့လူကိုလက်ညှိုးငေါက်ငေါက်ထိုးကာ

"မင်းကို နောက်တခါရိဘိုနားမှာမမြင်ချင်ဘူး ရိဘိုနားပေါ်ရဲပေါ်လာကြည့် ငါ့အကြောင်းသိစေရမယ် တောက်စ်"

ရှောင်းကျန့်ဒေါသတကြီးပြောကာလဲကျနေတဲ့ရိဘိုကိုကောက်ပွေ့ပြီးtoiletထဲကထွက်လာလိုက်တယ်။ရှောင်းကျန့်နဲ့ရိဘိုထွက်သွားတာကိုကြည့်ရင်း ရွှယ်ယမ်တစ်ယောက်မဲ့ပြုံးပြုံးလိုက်ပြီး

"အဟက်...ရိဘိုတဲ့လား ချစ်စရာလေး..."

ရွှယ်ယမ် နှုတ်ခမ်းထောင့်ကသွေးစကလက်တစ်ဖက်နဲ့သုတ်ရင်းထပ်ပြုံးမိပြန်တယ်။ရိဘို မင်းကိုကိုလို့ခေါ်တဲ့လူကရောမင်းနဲ့ဘယ်လိုပတ်သပ်နေတာလဲကွာ။မင်းနဲ့ငါရဲ့ပထမဆုံးတွေ့ဆုံခြင်းကကဗျာမဆန်လိုက်တာ အဟက်
ဒါမဲ့ မင်းကငါ့နှလုံးသားကိုအပိုင်သိမ်းသွားပြီရိဘို။မင်းတာဝန် ယူဖို့သာပြင်ထားပေတော့။

Beyond The Hate[Complete]Where stories live. Discover now