(Unicode)
ရိဘိုကိုကိုအခန်းရှေ့ကထွက်သွားပြီးကတည်းကအချိန်တော်တော်ကြာတဲ့အထိငိုနေမိဆဲ။ရိဘိုဒူးနှစ်ဖက်ကြားခေါင်းဝှက်လို့တသိမ့်သိမ့်ငိုနေမိတုန်းတချိန်လုံးတိတ်ဆိတ်နေတဲ့ကျင်းကော်ကကြောင်အိမ်လေးထဲကထွက်လာပြီးရိဘိုခြေထောက်ကိုလာပွတ်သပ်နေလေရဲ့။ကျင်းကော်ကိုရိဘိုလက်ကလေးတစ်ဖက်နဲ့ပြန်ပွတ်သပ်ပေးရင်း
"Daddy ကပါးပါးကိုပဲချစ်တာမလားဟင် ကျင်းကော်
ဟင့်...ဟုတ်တယ်မလားဟင်..."ရိဘိုပြောတော့ကျင်းကော်ကရိဘိုကိုကြောင်တောင်တောင်လေးမော့ကြည့်နေပြီးမှအမှီးလေးနှန့်ကာကြောင်အိမ်လေးထဲသွားပြန်အိပ်နေလေရဲ့။
"အင့်...နင်လည်းကိုကို့လိုပဲငါ့ကိုမချစ်ဘူးမလား...အီး...ဟီး...ဟီး...အလကားလူကိုအနာပေးလိုက်ဆေးပေးလိုက်နဲ့..အင့်..ဟင့်..မခေါ်ဘူးနင်တို့သားအဖနှစ်ယောက်လုံးငါနဲ့တယောက်မှလာမအိပ်နဲ့...အီး...ဟီး...ဟီး..."
ရိဘိုပြောလည်းပြောလက်နှစ်ဖက်နဲ့မျက်ရည်တွေကိုပွတ်သုတ်ပြီးကုတင်ပေါ်တက်ကာစောင့်ပုံထဲထိုးအိပ်ပါလေရော။ရိဘိုကုတင်ပေါ်ကရှောင်းကျန့်ခေါင်းအုံးကြီးကိုဖက်ကာတအီအီငိုရင်းကွေးကွေးလေးအိပ်ပျော်သွားတယ်။
> > > > > > 🦋 < < < < < < <
ရှောင်းကျန့် အခန်းရှေ့ကထွက်လာပြီးစာကြည့်ခန်းထဲကအလုပ်စားပွဲမှာပဲအချိန်ကုန်နေမိတယ်။အလုပ်စားပွဲမှာခေါင်းငိုက်စိုက်ချရင်းခုနကကိစ္စကိုဘယ်သူ့ကိုအပြစ်ပုံချရမှန်းမသိစိတ်ရှုပ်ထွေးစွာဆံပင်တွေကိုထိုးဖွနေမိတုန်း
Ring>>>📲
"ဟယ်လို...ယွီပင်းပြော အဆင်ပြေရဲ့လားဦးလျိုမင်ကိစ္စဘယ်လိုဖြစ်သွားပြီလဲ...""ဟုတ်ကဲ့...သခင်လေးရှောင်း အခုဦးလျိုမင်ကိုသက်သေတွေနဲ့အတူသက်ဆိုင်ရာကဖမ်းဖို့သွားနေကြပါပြီ..."
"အဟက်...ကောင်းပြီငါခုချက်ချင်းထွက်လာခဲ့မယ်..."
"ဟုတ်ကဲ့...ဂရုစိုက်ပါသခင်လေးရှောင်း..."
"အင်း..."
ရှောင်းကျန့် ဖုန်းချပြီးအံဆွဲထဲကသော့ကိုယူကာအပေါ်ထပ်တက်လာလိုက်တယ်။အိပ်ခန်းတံခါးကိုသော့နဲ့ဖွင့်ကာဝင်လာလိုက်တော့ရိဘိုကကုတင်ပေါ်မှာအိပ်ပျော်နေလေပြီ။ဖြူနုနေတဲ့ပါးပြင်ပေါ်ကမျက်ရည်စီးကြောင်းတွေကအကျည်းတန်စွာကျွင်းကျန်ရစ်နေဆဲဖစ်ပေမဲ့ရိဘိုကသူ့အမြင်မှာချစ်စရာကောင်းနေတုန်းပဲ။ရှောင်းကျန့်ရိဘိုဘေးဝင်ထိုင်လိုက်ပြီးနှဖူးပေါ်ကဆံသားနုနုလေးတွေကိုသပ်တင်ပေးလိုက်တယ်။
YOU ARE READING
Beyond The Hate[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Love born from hate, at love main believes. OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]