(Unicode)
ရိဘိုSean Xiaoဆိုတဲ့လူနဲ့နောက်တစ်ပတ်ဆိုလက်ထပ်ရတော့မည်။ရိဘိုဧည့်ခန်းထဲမှာစိတ်ရှုပ်ရှုပ်နဲ့လက်တဖက်ထောက်ပြီးသက်ပြင်းအခါခါချကာထိုင်နေမိတယ်။
"ဟူး....ငါ့ဘဝကြီးကလည်းကွာ ဆိုးလိုက်တာ ကိုယ့်ဘဝကိုတောင်စိတ်ကြိုက်ခြယ်လှယ်ခွင့်မရှိဘူး ပါး မား ရေ သားအဖြစ်ကိုမြင်ကြရဲ့လား..."
"ဟဲ့....ရိဘို အဲ့မှာထိုင်ပြီးတမှိုက်တတွေတွေလုပ်မနေနဲ့ ခဏနေမဂ်လာဝတ်စုံရွေးဖို့ Sean Xiaoလာခေါ်လိမ့်မယ်
သွား အဝတ်စားသွားလဲချည် နေရာတကာလိုက်ပြောနေရတယ် ငါ့နှယ်""ဟုတ်ကဲ့ ဒေါ်လေး"
ရိဘိုလည်းနားပူတာမခံနိုင်လို့ ဧည့်ခန်းထဲကအမြန်ထွက်လာလိုက်တယ်။အိပ်ခန်းထဲအဝတ်စားလဲပြီးပြန်ထွက်လာတော့ ဒေါ်လေးရွှမ်းလုကသူ့ကိုခါးထောင့်ကာမျက်မှောင်ကျုံ့ကြည့်ရင်း
"ရိဘို နင့်မလဲ မျက်နှာကခုနစ်ခေါက်ချိုးရှစ်ခေါက်ချိုးနဲ့ နဲနဲပါးပါးပြုံးစမ်းပါဟဲ့ နင်ယူရမှာသူဠေးနော် ငါတို့ကနင်ကောင်းစားဖို့စီစဥ်ပေးတာကို နင့်အချိုးပြင်ထားစမ်း"
ရိဘို လေးလေးပင်ပင်ပဲဒေါ်လေးကိုခေါင်းညိမ့်ပြလိုက်မိတယ်။ဟွန့် သူကောင်းစားဖို့စီစဥ်တာဆိုပဲ သူတို့ဘာသာဥစ္စာပစ္စည်းတွေမက်ပြီးသူ့ကိုဟင်းရွက်ကန်စွန်းရွက်လိုရောင်းစားကြတာကိုများ မသိရင်ခက်မယ်။ဒေါ်လေးကပြောပြီးအိမ်ရှေ့ထွက်သွားတော့ ရိဘိုလည်းနောက်ကလိုက်လာလိုက်တယ်။အိမ်ရှေ့ရောက်တော့ခြံထဲမှာ ကားနက်တစ်စီးကရောက်နှင့်နေပြီ။ဟိုနေ့ကSean Xiaoနဲ့ပါလာတဲ့ဝတ်စုံနက်နဲ့လူကအိမ်ထဲဝင်လာပြီး
"ဒီက အကိုလေး သခင်လေးရှောင်းကားထဲမှာ ေစာင့်နေပါတယ် အဆင့်သင့်ဖြစ်ပါပြီလား"
ရိဘိုဘာမှပြန်မပြောရသေးခင် ဒေါ်လေးရွှမ်းလုကပျားရည်အိုးထဲမှောက်ကျထားသလို မျက်နှာထားနဲ့
"မင်းအကိုလေးက အဆင်သင့်ဖြစ်ပြီကွယ့် အန်တီစောစောကတည်းက ပြင်ဆင်ခိုင်းထားတာ သား လိုက်သွားတော့လေ သွား ဟိုမှာစောင့်နေရတာအားနာစရာကြီး"
STAI LEGGENDO
Beyond The Hate[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Love born from hate, at love main believes. OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]