(Unicode)
ရိဘိုဦးလေးယွမ်နဲ့supermarketလိုက်လာကာကိုကိုကြိုက်တတ်တာလေးတွေရွေးဝယ်ပြီးmarketထဲကအထွက်
"အမေ့....အင့်...."
ဘုတ်!
ရိဘိုဦးလေးယွမ်ကိုအထုပ်တွေဝိုင်းဆွဲရင်းလျှောက်လာရာလူတစ်ယောက်နဲ့တိုက်မိပါလေရော။ရိဘိုပြုတ်ကျသွားတဲ့အထုပ်တွေကိုကောက်ရင်း
"ကျွန်တော်တောင်းပန်ပါတယ်....ကျွန်တော်သတိမထားမိလိုက်လို့"
"ရပါတယ်....ကိုယ့်အတွက်တော့ မင်းနဲ့ပြန်တွေ့ရတာပိုတောင်ကောင်းသေးတယ်"
ရိဘိုရှေ့ကလူရဲ့စကားကြောင့်တအံ့တသြမော့ကြည့်လိုက်တော့
"ဟင်...အကို...."
"အင်း...ကိုယ်ပဲ ရိဘိုက ကိုယ့်ကိုမှတ်မိတယ်ပေါ့..."
"ဗျာ...အကိုက ကျွန်တော့်နာမည်ကိုသိနေတယ်"
"အဟက်...မင်းရဲ့ကိုကိုဆိုတဲ့လူကြီးကဒီလောက်ထိမင်းနာမည်ကိုတတွင်တွင်ခေါ်ပြီးကိုယ့်ကိုသတိပေးသွားတာမသိပဲနေမလားကွ"
"အာ...ဟုတ် အဲ့နေ့ကကိစ္စကျွန်တော်ကိုကို့အစားတောင်းပန်ပါတယ်ခမျ"
"အင်း...တောင်းပန်ချင်တယ်ဆို ကိုယ်တို့ခင်မင်တဲ့အထိန်းမှတ်နဲ့တခုခုလိုက်ကျွေးချင်လို့ ရိဘိုလက်ခံမယ်မလား"
"ဗျာ...အဲ့ဒါက..."
ရိဘိုခဏစဥ်းစားလိုက်ပြီးမှကိုကိုလည်းမသိနိုင်သလိုဒီတိုင်းရိုးရိုးသားသားပဲခင်မင်ချင်လို့ တောင်းဆိုနေတာသူဒီလောက်တော့လိုက်လျောသင့်တယ်ထင်ပြီးလက်ခံလိုက်တယ်။
"ဟုတ်ကဲ့ အကို ကျွန်တော်လက်ခံပါတယ် ခဏနော် ကျွန်တော့်ဦးလေးကိုသွားပြောလိုက်ဦးမယ်"
ရိဘိုလက်ထဲကအထုပ်တွေကိုကားနားမှာရပ်စောင့်နေတဲ့ဦးလေးယွမ်စီပေးကာ အကျိုးကြောင်းပြောပြီးအရင်ပြန်ခိုင်းလိုက်တယ်။
"ရိဘို ဒါဆို ဘာစားချင်လည်းညီရွေးလေ"
"အာ ရပါတယ် အကိုအဆင်ပြေတဲ့ဆိုင်ရွေးလိုက်ပါ..."
"အင်း...ဒါဆိုhotpotသွားစားရအောင် ညီကြိုက်တယ်မလား"
"ဟုတ် ကျွန်တော်ကအဆင်ပြေပါတယ်..."
STAI LEGGENDO
Beyond The Hate[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Love born from hate, at love main believes. OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]