(Unicode)
ရှောင်းကျန့် နဲ့ရိဘိုစံအိမ်ထဲဝင်လာတော့အိမ်တော်ထိန်းယွမ်ကထွက်ကြိုတယ်။
"သခင်လေး ရောက်လာကြပြီလား အကိုလေး ဦးလေးကဒီအိမ်တော်ရဲ့ အိမ်တော်ထိန်းပါ ဦးလေးယွမ်လို့ခေါ်လို့ရတယ်နော် တခုခုလိုတာရှိရင်လည်းဦးလေးကိုပြောနော်အားမနာနဲ့"
"ဟုတ်ကဲ့ ဦးလေးယွမ်ကျေးဇူးပါပဲ "
"ဒါဆို ဦးလေးသူ့ကိုအပေါ်ထပ်ကအခန်းကိုလိုက်ပြပေးလိုက်ပါဦး"
"ဟုတ်ကဲ့ သခင်လေး အကိုလေး လာ ဦးလေးနောက်ကလိုက်ခဲ့"
"ဟို....ဦးလေး ကျွန်တော့်luggageကားထဲမှာ အဲ့ဒါ"
"မင်းluggageအစေခံတွေကိုပို့ခိုင်းလိုက်မယ် ဦးလေးနောက်သာလိုက်သွားချေ"
"ဟုတ်ကဲ့ ကိုကို "
ရိဘိုဦးလေးယွမ်နောက်ကနေ ကြောင်အိမ်လှေကားကြီးအတိုင်းအပေါ်ထပ်ကိုလိုက်တက်လာလိုက်တယ်။အပေါ်ထပ်ရောက်တော့ အခန်းတစ်ခန်းရှေ့မှာဦးလေးယွမ်ကရပ်လိုက်ပြီး
"အကိုလေး ဒီအခန်းပဲ တအောင့်နေအစေခံတွေ အကိုလေးluggageလာပို့ပေးလိမ့်မယ်"
"ဟုတ်ကဲ့ ဦးလေးယွမ်ဟိုလေ ကျွန်တော့်ကိုရိဘိုလို့ပဲခေါ်ပါလား ကျွန်တော်နေရခက်လို့ "
"အင်းပါ ဒါဆိုဦးလေးသွားတော့မယ်နော် ရိဘို သက်တောင့်သက်သာကိုယ့်အိမ်ကိုယ့်ယာလိုနေ လိုတာရှိရင်ဦးလေးအောက်ထပ်မှာရှိတယ် အစေခံတွေလည်းရှိတယ်အချိန်မရွေးခေါ်ခိုင်း"
"ဟုတ်ကဲ့ ဦးလေးယွမ် "
ရိဘို ဦးလေးယွမ် ထွက်သွားတော့အခန်းထဲဝင်လာလိုက်တယ်။အခန်းကြီးကသူ့အိပ်ခန်း၂ဆလောက်ကျယ်ပြီးကုတင်ကြီးကလဲ လူ၅ယောက်လောက်တက်အိပ်လို့ရတယ်။
အဝတ်ဗီရိုကြီးကလဲသူ့တရပ်ကျော်တယ်။အခန်းထောင့်မှာsofaကြီးတလုံးရှိပြီး TVကြီးကလဲတကယ့်အကြီးကြီးပဲ။ရိဘိုအခန်းကိုတအောင့်ပတ်ကြည့်ပြီးတနေကုန်ပင်ပန်းေနတာနဲ့ရေချိုးဖို့တွေးလိုက်ပြီးရေချိုးခန်းထဲဝင်သွားလိုက်တယ်။သူရေချိုးနေတုန်းအခန်းထဲကိုအစေခံတွေluggageလာပို့တာနဲ့တူတယ်အသံကြားတော့ ရေချိုးေနတာနဲ့ထွက်မကြည့်တော့ဘူး။
ŞİMDİ OKUDUĞUN
Beyond The Hate[Complete]
Hayran KurguZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Love born from hate, at love main believes. OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]