"ဖေကြီးလို့ သမီး ယောက်ျားမယူချင်သေးပါဘူးဆို"
"အခုချက်ချင်း ပေးစားနေတာမှမဟုတ်တာ appaပြောတာက အချိန်တန်ရင် သမီး သူနဲ့ဘဲယူရမယ်လို့ပြောတာ"
မနက်စောစောစီးစီး ခေါင်းကိုမိုးကြိုးပစ်လိုက်သလိုပဲ ဘာတဲ့ လက်ထပ်ဖို့ စီစဉ်ထားတယ်တဲ့။
"ဟာ...ဖေကြီးရာ မယူချင်ပါဘူး ပြီးတော့ ဖေကြီးပြောတဲ့သူက ကုမ္ပဏီက ပွဲတစ်ခုမှာ တစ်ခါလေးတွေ့ဖူးတာကို သမီးကိုတွေ့ရာလူနဲ့ ပေးစားတော့မလို့လား"
"မိဂျွန် ညည်းသာတစ်ခါလေးတွေ့ဖူးတာ သူက ငါတို့ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်နေတာ ငါသိတာပေါ့ ပြီးတော့ သူ့မိဘတွေနဲ့ appaတို့က သူငယ်ချင်းတွေ"
"ဖေကြီးကလည်း သမီးက ခုမှ ၁၈နှစ်ကျော်ကျော်လေးဘဲရှိသေးတာကို"
"မရဘူး ညည်းကို ငါတခြားသူနဲ့ စိတ်မချနိုင်ပါဘူး ညည်းလိုနေပုံထိုင်ပုံနဲ့ဆို ဘယ်သူမှ ကြာကြာခံနိုင်မှာမဟုတ်ဘူး ပြီးတော့ ဒီနေ့ကစပြီး သမီးကိုသူကပဲ ကျောင်းပို့ကျောင်းကြိုလုပ်ပေးလိမ့်မယ်"
"ဘာရယ်!! ဟာဖေကြီးကလည်း သမီးက အရွယ်ရောက်နေပြီလေ တစ်ယောက်ထဲသွားလို့ရတာကို"
"Park June ညည်းထပ်မပြောနဲ့ အခုတလော ညည်းဘယ်တွေ ခြေလှမ်းနေလဲဆိုတာ appaသိတယ်နော် ပြီးတော့ ဘာတဲ့LGTVလား LGTBလား "
"LGBTပါ ဖေကြီးရယ်"
"အေး...ဘာဘဲဖြစ်ဖြစ် supportတာကတော့ supportပေါ့အေ ဘယ့်နှယ့် ကိုယ့်အစ်ကိုအရင်းခေါက်ခေါက်ကိုပါ ယောက်ျားပေးစားနေရတာတုန်း"
ဒါကတော့ အဟဲ မိန်းမတိုင်းကကောင်းတာမဟုတ်လို့။ကိုယ်က ကိုယ့်အစ်ကိုတွေခံစားရမှာဆိုးလို့ ယောက်ျားပေးစားတာပါ။
"ဖေကြီးကလည်း ကိုကြီးသာ စိတ်မဝင်စားတာ ကိုလေးက စိတ်ဝင်စားတယ် ကြည့်နေ သူယောက်ျားယူမှာ"
"တိတ်စမ်း!! ပြောချင်တာက အနေအထိုင်ဆင်ခြင် အချိန်တန်ရင် appaပေးစားတဲ့သူနဲ့ယူရမယ် ဒါဘဲ ခနနေ သူလာခေါ်လိမ့်မယ် ဟော ပြောရင်းဆိုရင်း ရောက်ပြီနဲ့တူတယ် ကားသံကြားတယ် သွား စာအုပ်သွားယူချည်"

ESTÁS LEYENDO
Ko Ko Jung (ကိိုကိုဂျောင်) ||Completed||
FanficJungkook x Oc ပထမဆုံးရေးတဲ့ficလေးမို့ ပေါက်ကရတွေဖြစ်နိုင်ပါတယ်။