Love Can't Lie

1.9K 334 109
                                    

Unicode

Baekhyun စိတ်ရှုပ်စွာနှင့် ေဆာင်းထားသောအမဲရောင်ဦးထုပ်ကို ချွတ်ပစ်လိုက်တော့ ဦးထုပ်လေးခမျာ မြေပြင်ပေါ်မှာ အားငယ်စွာနှင့်နေရာယူထားလျက်...

"ငါကဘယ်သူ့ကြောင့် တကယ်ဒီလိုခိုးကြောင်ခိုးဝှက်လုပ်နေရတာလဲကွာ"

Baekhyun အမှန်တကယ် ဒေါသပေါက်ကွဲထွက်နေမိသည်။ မနက်ကတည်းက အိမ်ကစထွက်လာကတည်းကစပြီး ဦးထုပ်ဆောင်း Face Mask ကြီးတပ်ပြီး သူများတွေမမြင်အောင် ပုန်းလျှိုးကွယ်လျှိုးလုပ်ပြီး ကျောင်းကိုရောက်လာခဲ့ရတာမဟုတ်လား။

အခုတော့ Baekhyun ဆက်ပြီး လုံးဝသည်းမခံနိုင်တော့ဘူး။ တကယ်တမ်း Baekhyun က ရာဇဝတ်ပြစ်မှုတွေအကြီးအကျယ် လုပ်ထားခဲ့တဲ့သူလည်း မဟုတ်ဘူး​ေလ။

Baekhyun မွန်းကြပ်စရာကောင်းလှသော အခြေအနေကိုအဆုံးသတ်ပစ်မယ်လို့ ကြံရွယ်ပြီး Face Mask ကိုပါချွတ်ဖို့လုပ်လိုက်ချိန်မှာ ရုတ်တရက် အရှေ့မှာကျောင်းသူတစ်အုပ်လိုက်လျှောက်လာသည်ကိုမြင်လိုက်ရသဖြင့် မြေပြင်ပေါ်မှ ဦးထုပ်ကိုကောက်ဆောင်းလိုက်ပြီး အလင်းထက်မြန်သောအရှိန်နှင့် နံရံနောက်ကိုဝင်ပုန်း​ေနလိုက်သည်။

လွန်ခဲ့သောသုံးရက်က Music Club မှာ ဖြစ်ပျက်သွားခဲ့တဲ့ကိစ္စက အဲ့နေရာမှာပဲအဆုံးသတ်သွားလိုက်သင့်ပေမယ့် အခုလိုတစ်ကျောင်းလုံးကို ပျံ့နှံ့သွားစရာလိုလို့လား။ ဘယ်လို အကျင့်ပုတ်စက်တဲ့သူတွေက သတင်းမှားတွေ လျှောက်လွှင့်ခဲ့သလဲမှမသိတာ။ အဲ့သွားပုပ်လေလွင့််ပြောတတ်တဲ့သူတွေကတော့ ရောက်ရာအရပ်မှာ ခလုတ်ခဏခဏတိုက်နေပါစေလို့ Baekhyun ဆုတောင်းတယ်။

(Meanwhile,

"အား သောက်ပလုတ်တုတ်"

Sehun အရှေ့မှာရှိနေတဲ့မြောင်းပေါက်ဝကိုမမြင်ဘဲ ခြေကျွံကျသွားသည်။ ဒဏ်ရာကြီးကြီးမားမားတော့မဖြစ်ပေမယ့် မြောင်းပေါက်ဝကနေတော့ ခြေထောက်ကိုပြန်ထုတ်ဖို့ တော်တော်လေးကြိုးစားရဦးမည်ဖြစ်သည်။)

Baekhyun ဟာအခုတော့ တစ်ကျောင်းလုံးမှာ နာမည်အကျော်ကြားဆုံးလူဖြစ်နေလောက်မည်။ ကောင်းသောနာမည်ကျော်ခြင်းနဲ့ ကျော်ကြားနေတာတော့မဟုတ်ဘူး။

𝙈𝙮 𝙇𝙤𝙫𝙚𝙧 𝙞𝙨 𝙖 𝙣𝙖𝙪𝙜𝙝𝙩𝙮 𝙗𝙤𝙮​ [ᴄʜᴀɴʙᴀᴇᴋ]​حيث تعيش القصص. اكتشف الآن