Unicode
Baekhyun ဟာ နောက်ဆုံးမှာတော့ ရုပ်လုံးပေါ်လာပြီဖြစ်တဲ့ ချောကလတ်မှိုတက်ရောင်ဆွယ်တာအင်္ကျီလေးကို လေထဲမြှောက်ပြီးကြည့်လိုက်သည်။ ရက်အနည်းငယ်လောက် ဒုက္ခခံပြီးနောက် ဆွယ်တာဟာဆွယ်တာရုပ်ထွက်လာပြီဖြစ်သည်။
Baekhyun အတော်ကြာစဥ်းစားပြီးမှ ဒီအရောင်လေးကို လေးလေးနက်နက်ရွေးချယ်ဖြစ်ခဲ့သည်။ Chanyeol ဟာအသားဖြူပြီး ကိုယ်လုံးကိုယ်ပေါက်လည်း တောင့်တင်းတယ်မဟုတ်လား။ ကိုယ့်ယောကျာ်းမို့ အမွှန်းတင်တာရယ်တော့မဟုတ်ပေမယ့် သူသာဒါလေးဝတ်လိုက်ရင် အသားဖြူဖြူပေါ်မှာ ဒီဆွယ်တာအင်္ကျီလေးက ထင်းခနဲလိုက်ဖက်သွားလောက်သည်။
ဒါပေမယ့် ဒီဆွယ်တာအင်္ကျီလက်ဆောင်ကို သူ့ဆီရောက်သွားအောင် ဘယ်လိုများလူကြုံပါးပြီးပေးလိုက်ရမှာလဲ။ Delivery Service နဲ့ဆက်သွယ်ပြီး ပေးလိုက်သင့်လား။ Baekhyun ကိုယ်တိုင် လူချင်းတွေ့ပြီး "မင်းအတွက်ငါထိုးပေးထားတာလေ ရော့ အင့်" ဆိုပြီး သူ့လက်ထဲကိုယ်တိုင် ထည့်ပေးချင်တာမှန်ပေမယ့်လည်း လက်ရှိမှာအဲ့လိုလုပ်လို့ရမယ့်အခြေအနေမဟုတ်ဘူးလေ။
Baekhyun ကိုယ့်ကိုကိုယ်အပိုင်တွက်ထားမိလိုက်သည်က ရန်ဖြစ်ပြီးတစ်ရက်နှစ်ရက်လောက်ကြာရင် Chanyeol မနေနိုင်တော့ဘဲ Baekhyun ကိုပြန်လာခေါ်မှာပဲဆိုပြီးတော့လေ။ အခုတော့နှစ်ရက်မကလို့ နှစ်ပတ်တောင်ကျော်ပြီးသည်အထိ စာမလာသတင်းမကြားရပေ။ တိတိကျကျပြောရရင် သူ Baekhyun ကိုထားခဲ့တာ နှစ်ပတ်နဲ့သုံးရက်ရှိပြီ။
အချိန်ကြာလာတာနဲ့အမျှ Baekhyun လည်းကိုယ့်အမှားကို သုံးသပ်လာမိပေမယ့် သူကရော ထပ်မရှင်းပြတော့ပဲ အခုလိုပစ်ထားလိုက်တာ နည်းလမ်းမှန်လို့ထင်နေတာလား။
Baekhyun Omma အိမ်ရောက်ပြီးသုံးလေးရက်ကြာတော့ Baekhyun Chanyeol နဲ့ အထင်လွဲခဲ့မိတဲ့ အတွင်းရေးမှူးမလေးက Baekhyun နဲ့လူချင်းတွေ့ပြီး ရှင်းပြချင်တာလေးရှိတယ်လို့ ဆက်သွယ်လာသည်လေ။
သူမကတော့ Chanyeol နဲ့ အလုပ်သဘောအရသာ မေးထူးခေါ်ပြောရသည့်ဆက်ဆံရေးဖြစ်ကြောင်း၊ Baekhyun ထင်သလို လုံးဝမဟုတ်ကြောင်း အထပ်ထပ်အခါခါရှင်းပြသည်။ Baekhyun ကတော့ ဘယ်သူခိုးကမှ ကိုယ်ခိုးတယ်လို့ဝန်မခံဘူးဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ သူမပြောတာကို လက်မခံဘဲ အင်တင်တင်လုပ်နေပေမယ့် "Omma" ဆိုပြီးခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ လေးနှစ်အရွယ်သမီးလေးတစ်ယောက်နှင့်အတူ အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရသည်။

ANDA SEDANG MEMBACA
𝙈𝙮 𝙇𝙤𝙫𝙚𝙧 𝙞𝙨 𝙖 𝙣𝙖𝙪𝙜𝙝𝙩𝙮 𝙗𝙤𝙮 [ᴄʜᴀɴʙᴀᴇᴋ]
Romantika#Completed သဝန်ကြောင်တတ်တဲ့အဆိုးလေးနဲ့ တည်တည်တံ့တံ့ပဲနေတတ်တဲ့ အဆိုးလေးရဲ့ကိုကိုရေခဲတုံးတို့ရဲ့ အိမ်ထောင်ရေးအချစ်ခရီးလမ်းကဘယ်လိုရှိနေမလဲ....??? 9.11.2020(Mon) ~ 7.12.2020(Mon) သဝန်ကြောင်တတ်တဲ့အဆိုးလေးနဲ့ တည်တည်တံ့တံ့ပဲနေတတ်တဲ့ အဆိုးလေးရဲ့ကိုကိုရေခဲတ...