(Just an Extra story,hope you babies enjoy it)
Unicode
နွေရူးလေပြေက ခန္တာကိုယ်တစ်လျှောက်ကိုဖြတ်တိုက်သွားတဲ့အခါ ဆောင်းအကူးနွေဦးကိုတစ်ဖန်ရောက်ရှိလာတဲ့ လတ်ဆတ်တဲ့ အငွေ့အသက်ကိုခံစားလိုက်ရသည်။ နွေဦးမုတ်သုံကိုအပြည့်အဝခံစားရဖို့အတွက် ကားထဲကနေအပြင်ထွက်လိုက်သောအခါ မျက်စိရှေ့မှာနေရာယူသွားသည်က အဆုံးမရှိကျယ်ပြောလှသော စိမ်းပြာရောင်ပင်လယ်ပြင်ကြီးသာ။
အသက်ရှူလမ်းကြောင်းကို အလျင်အမြန် အလုပ်ပေးလိုက်တဲ့အခါ ချက်ချင်းဆိုသလိုပဲ ပင်လယ်ရနံ့က နှာခေါင်းစပ်ကြားမှာ ကျီစယ်သွားသည်။
ပင်လယ်ရဲ့အလှအပတွေကို အေးအေးဆေးဆေးခံစားဖို့ မအားသေးတဲ့ Chanyeol ကတော့ Baekhyun အစား ကားနောက်ဖုံးမှပစ္စည်းတွေကိုထုတ်နေရသည်။
"Chanyeol အကောင်းဆုံးပဲ"
အိမ်ပြောင်းလာသလားဟုထင်ရလောက်အောင် Baekhyun ထုပ်ပိုးလာသည့်ပစ္စည်းတွေကို တစ်ထုပ်ချင်းသယ်ထုတ်ေနရသည်ကို Chanyeol ပင်ပန်းသည်ဟုမထင်မိသော်လည်း Baekhyun က မိမိကိုပြေးဖက်လိုက်သောအခါ မရှိတဲ့အမောတွေတောင် ပြေပျောက်သွားပြီဟုခံစားလိုက်ရသည်။
Baekhyun သဲသောင်ပြင်တစ်လျှောက် ဟိုဟိုဒီဒီကို သမင်ပေါက်လေးတစ်ကောင်လို ကဆုန်ပေါက်လျှောက်ပြေးနေတာကို မြင်လိုက်ရတဲ့အခါ Chanyeol သဘောကျစွာရယ်မောရင်း အလုပ်တွေဖြတ်ပြီး ဒီကိုလာဖို့စီစဥ်လိုက်ရတာ မှန်ကန်သည်ဟုခံစားလိုက်ရသည်။
တစ်ဆက်တည်း အရင်ကဘာလို့များ အလုပ်တွေကိုပဲဦးစားပေးပြီး Baekhyun နဲ့အတူ အပန်းဖြေခရီးထွက်ဖို့ အချိန်မပေးခဲ့မိတာလဲဆိုတဲ့အပေါ် နောင်တရမိသည်။ ဒါပေမဲ့လည်း Chanyeol တစ်လျှောက်လုံး ကြုိးစားခဲ့သမျှအရာအားလုံးရဲ့ဦးတည်ရာက ဒီ Byun Baekhyn ဆိုတဲ့လူသားတစ်ယောက်အတွက်ပဲရယ်မို့ အထွေအထူးတော့ အပြစ်ရှိတယ်ရယ်လို့မခံစားရပါဘူး။
အဲ့အစား အခုတော့ ဒီအဖိုးတန်တဲ့အချိန်လေးတွေကို ပျော်စရာတွေဖန်တီးဖို့ ကောင်းကောင်းအသုံးချရမည်ဖြစ်သည်။
Chanyeol တို့ ဟိုတယ်မှာ Check-in လုပ်ပြီးတဲ့အခါ Baekhyun က တစ်ဆက်တည်းဖြစ်သော Swinsuit ကိုဝတ်ထားပြီး ပင်လယ်ထဲဆင်းဖို့အသင့်ဖြစ်နေသည်။

YOU ARE READING
𝙈𝙮 𝙇𝙤𝙫𝙚𝙧 𝙞𝙨 𝙖 𝙣𝙖𝙪𝙜𝙝𝙩𝙮 𝙗𝙤𝙮 [ᴄʜᴀɴʙᴀᴇᴋ]
Romance#Completed သဝန်ကြောင်တတ်တဲ့အဆိုးလေးနဲ့ တည်တည်တံ့တံ့ပဲနေတတ်တဲ့ အဆိုးလေးရဲ့ကိုကိုရေခဲတုံးတို့ရဲ့ အိမ်ထောင်ရေးအချစ်ခရီးလမ်းကဘယ်လိုရှိနေမလဲ....??? 9.11.2020(Mon) ~ 7.12.2020(Mon) သဝန်ကြောင်တတ်တဲ့အဆိုးလေးနဲ့ တည်တည်တံ့တံ့ပဲနေတတ်တဲ့ အဆိုးလေးရဲ့ကိုကိုရေခဲတ...