Reborn of Love

2K 326 149
                                    

Unicode

စိတ်ရှုပ်စရာကောင်းလောက်အောင်မြည်တွန်နေတဲ့ နှုိးစက်သံကျယ်ကျယ်လောင်လောင်ကို အိပ်မှုံစုံမွှားအနေအထားနှင့် Baekhyun က စောင်ပုံထဲမှ  လှုပ်လီလှုပ်လဲ့နှင့် လက်လှမ်းပိတ်လိုက်သည်။ နှောင့်ယှက်နေတဲ့နှိုးစက်သံကို အဆုံးသတ်ပြီးတဲ့အခါမှာတော့ မနက်ခင်းရဲ့သင်္ကေတဖြစ်သည့် ဌက်ကလေးတွေရဲ့ "တအအ" မြည်ကြွေးသံကို အချိန်ကိုက်ကြားလိုက်ရပြန်သည်။

"ဟား...."

Baekhyun ပျင်းရိပျင်းတွဲနှင့် ခေါင်းအုံးထူထူနှင့် နားကိုပိတ်ထားလိုက်သည်။ နောက်နေ့ကျမှ ဌက်တွေမရှိတဲ့အိမ်ကို ပြောင်းကြရအောင်လို့ Omma ကိုပြောဦးမယ်။

တကယ်ပဲ ေဆာင်းရာသီကျောင်းပိတ်ရက်ရဲ့ပထမဆုံးနေ့မှာ အိပ်မက်ထဲမှာတဝကြီးလက်ပစ်ကူးနေရမှာကို... အခုတော့ Baekhyun ခမျာ ပြန်အိပ်လို့လည်းမရတော့ဘဲ ကုတင်ပေါ်မှာ လူးလိမ့်နေသည်။

"Baekhyun အခုထိမထသေးဘူးလား မနေ့ညကပြောတော့ သွားစရာရှိလို့စောစောနှိုးပေးပါဆို"

Apron ဝတ်ထားသော Omma က ယောက်မကြီးကိုင်ပြီး Baekhyun ရဲ့အခန်းထဲထိဝင်လာသည်။ ပါးစပ်ကလည်း "Baekhyun ထတော့" ဟုတတွတ်တွတ်ပြောရင်းနဲ့ပေါ့။

Omma ပြောမှ Baekhyun စဥ်းစားလိုက်မိတာက အခုချိန်က ဒီလိုကုလားသေကုလားမောအိပ်နေရမယ့် အချိန်မဟုတ်ဘူးဆိုတာပဲ။

Baekhyun တို့ရဲ့ Music Club က ဆရာအပါအဝင် အဖွဲ့သားတွေက ဆောင်းရာသီအားလပ်ရက်မှာ အင်ချွန်းမှာရှိတဲ့ဘုရားကျောင်းတစ်ခုဆီကို ဖျော်ဖြေပေးဖို့သွားရမည်တဲ့လေ။

Baekhyun ရဲ့ အနားယူမယ့်အစီအစဥ်​လေးတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဆောင်းရာသီမနက်ခင်းလေးကတော့ လက်ပြနှုတ်ဆက်ပြီး ဘိုင်ဘိုင်လို့ပြောလိုက်ရုံမှတပါး ဘာမှမတတ်နိုင်တော့ဘူးမို့လား။

Baekhyun ကုတင်ပေါ်မှ ကမန်းကတန်းနှင့် ကုန်းထလိုက်သည်။ ရှုပ်ပွနေသောစောင်ပုံကြီးကြောင်​့ Baekhyun ကုတင်ပေါ်မှ ဇောက်ထိုးမိုး​ေမျှာ်ဖြစ်ပြီး ပြုတ်ကျမလိုတောင်ဖြစ်သွားသေးသည်။ ယောက်မကိုင်ထားလို့လက်တစ်ဖက်မအားတဲ့ Omma က တခြားအားနေတဲ့လက်တစ်ဖက်နဲ့ လှမ်းဖမ်းပေးလိုက်လို့သာ...

𝙈𝙮 𝙇𝙤𝙫𝙚𝙧 𝙞𝙨 𝙖 𝙣𝙖𝙪𝙜𝙝𝙩𝙮 𝙗𝙤𝙮​ [ᴄʜᴀɴʙᴀᴇᴋ]​Where stories live. Discover now