Part(6)

6.5K 508 8
                                    

#Uni

"မိယွန်းဖြစ်ပါ့မလား ငါ့ပုံစံလည်းကြည့်အုံး"

"ဖြစ်ပါတယ်ဟာ ကြည့်ပါအုံး ငါ့မောင်လေးက ငါ့ထက်ကိုပိုလှနေသေးတယ် သေချာပေါက်အဲ့လူ နင့်ကိုကြွေမှာပဲ........"

ခွပ်....‌

"ဘာလို့ထုတာလည်း"

"ငါက ဒီအတုတွေပြုတ်ကျမှာဆိုးနေတာလေ နင်ကအဲ့ဒါကို"

"မောင်လေးကလည်း မမကစတာကို"

"ငါပြောပီးပီနော် ငါကအဖြောင့်ဆိုတာ"

"အေးပါ အဖြောင့်မောင်လေးရယ် "

စိတ်ထဲမှာတော့ ‌ဖြောင့်ပီးကွေးသွားတာအများကြီး။

"ရပီအားလုံးပီးသွားပီ သွားတော့"

"တာ့တာ မောင်လေးရေ Good luck နော်"

အိမ်ပေါက်ဝက လက်သီးထောင်ပြသွားတဲ့မောင်လေး လှလိုက်တာ.......

8:00 Am
ဒေါက်.....ဒေါက်.....

"သားနေယံ ခြံရှေ့မှာ ကောင်မလေး တစ်ယောက်ရောက်နေတယ်သား"

"ဘယ်သူလည်း ကြီးကြီးမြ"

"အိမ်အကူလာလုပ်တာလို့ပြောတယ်သား"

ဪ....မလာလောက်ဘူးထင်ထားတာ ကတိတော့တည်သားပဲ

"ဟုတ် ကြီးကြီးမြ ဧည့်ခန်းထဲမှာစောင့်ခိုင်းထားလိုက် ကျတော် ဆင်းခဲ့မယ်"

"အေးအေး သား"

"လာ သမီးလေး ထိုင်အုံးနော် သားကဆင်းလာလိမ့်မယ်"

"ဟုတ်ကဲ့ရှင့် "

ဟင် ငါ့အသံက ဘာဖြစ်တာလည်း မယားငယ်တုံးပိနေတဲ့ အသံနဲ့

အဟမ်း......

ဒီကောင်မလေး ဘာတွေတွေးနေတာပါလိမ့် ငါဆင်းလာတာကိုမသိဘူး

"မင်းရောက်လာပီလား "

"အကို ညီမကို မြင်ပါတယ်နော်"

"ဟင်"

"အကိုကရောက်ပီလားလို့မေးနေလို့လေ"

My boy is Housemaid (Complete)Место, где живут истории. Откройте их для себя