Part(14) Married Life

6.4K 448 7
                                    

#Uni

လက်မှတ်ထိုးပီး မိသားစုတွေ အတူ ထမင်းစားတဲ့ အထိ အဆင်ပြေတယ်။ပြသာနာက အခန်းထဲမှာ စတာပဲ။

-ခေါင်းအုံး ကိုင်ပီး အပြင်ထွက်ဖို့ ပြင်နေတဲ့ ကျတော် လောလော လတ်လတ် လပ်ထက်ထားသော အမျိုးသား။

"အဲ့ဒါ မင်းဘယ်လည်း"

"ဟိုဘက်ခန်း သွားအိပ်မလို့"

"ဒီအခန်းက ဘာဖြစ်လို့လည်း"

"ဒါ ခင်ဗျား အခန်းလေ"

"နေပါအုံး မင်းနဲ့ငါက ဘာလည်း"

"လင်မယားတွေ။အား..မဟုတ်ဘူး လင်လင်တွေ"

"ဘယ်လင်မယားက ယူပီးအခန်းခွဲ အိပ်လို့လည်း"

စူးရှတဲ့ အကြည့်တွေက ဒိုင်းကနဲ ။

"လင်မယားလို့ မသုံးနဲ့ ။ကျတော် မိန်းမ မဟုတ်ဘူး"

"မိန်းမ မဟုတ်ဘူး ဆိုပီး ငါ့အိမ်ထဲ မိန်းမလို ဝတ်ပီး လာတာ ဘယ်သူလည်း"

"ခင်ဗျား ပါးစပ်ကို ပိတ်ထား ။ ပီးပီးသားတွေ ပြန်မပြောနဲ့"

"Ok ကိုယ်မပြောတော့ဘူး။ လား....ကုတင်ပေါ် လာအိပ်"

ခေါ်တော့လည်း ချက်ချင်း ကုတင်ပေါ်တက်လာသော ဂျပုကောင်လေးမှာ မွချင်စရာ။
လက်တွေ့တော့ သွားမမွရဲ။မနေ့ညက ဂျပုကောင်လေးရဲ့ လက်ဆက နှုတ်ခမ်းဘေးမှာ အညိုမဲ ဆွဲနေတုန်း။

"ခင်ဗျား ဒီဖက်လုံးကို ကျော်မလာနဲ့နော်။ကျော်လာရင် ဒီမှာတွေ့လား"

ဒီမှာတွေ့လား ဆိုပီး လက်သီးထောင်ပြလာသော ‌ဂျပုလေးကြောင့် ပါးတစ်ဖတ် ကြိမ်းသွားတယ်။

ခနအကြာ အသက်ရူသံလေး ပုံမှန်လေးနဲ့ အိပ်ပျော် သွားတဲ့ကောင်လေး ကြည့်လိုက်တော့ မျက်နှာလေးက အေးချမ်းပီး ချစ်ဖို့ကောင်းလိုက်တာ။ကန့်လန့်တွေ ပြန်မပြောရင် ပေါ့။

8:00Am

ဝှား.....

ငါ့ဗိုက်ပေါ်က ဘာကြီးလည်း လေးလိုက်တာ။
ဟင်....ဟို့လူ လက်ကြီး ။ဘာလား အခုသူ ငါ့ကို ဖက်ထားတာလား။

ခွပ်.....

"အာ့ မင်း မင်း စောစောစီးစီး ဘာလုပ်တာလည်း"

My boy is Housemaid (Complete)Where stories live. Discover now