Part(18)

5.5K 384 2
                                    

#Uni

ကျတော် ကျောင်းမသွားတာ ဒီနေ့နဲ့ဆို ၄ရက်ရှိပီ။ဒီနေ့တော့ ကျတော် ကျောင်းသွားရမယ်။
မတွေ့ချင်လည်း တစ်ရက်မဟုတ် တစ်ရက်တွေ့ရအုံးမှာပဲ။ကျတော် ဇွဲထက်ကို ရှောင်နေတာ ဒီနေ့နဲ့ဆို ၄ရက်ရှိပီ ။ကျတော်မမှားပဲ ရှောင်နေရတာ အဆင်မပြေ။ သစ္စာဖောက်ခံရတာ ကိုလေ။

"နေယံ မင်းကလည်း ပျောက်လိုက်တာ။ဖုန်းက ဘာလို့စက်ပိတ် ထားတာလည်း"

"ဒီလိုပါပဲကွာ"

"ဟော ဟိုမှာ ဇွဲထက်လည်း လာပီ"

"ဟျောင့် ဇွဲထက် မင်းလည်း ဒီရက်ပိုင်း ခြေရှုပ်နေတယ်နော်"

"ဟုတ်ပ ဒီကောင် ရိုးရော ရိုးရဲ့လား စော်များရနေတာလား လျှိမထားနဲ့နော်"

ဇွဲထက်-"နေယံ မင်းဘာလို့ ကျောင်းမလာတာလည်း"

နေယံ-"မလာချင်လို့"
ကျတော်လည်း အဲ့စကားတစ်ခွန်း ပြောပီး ဟိုက်ဘက်လှည့်နေလိုက်တယ် ။
အမှန်တိုင်းပြောရရင် ကျတော် ဇွဲထက်နဲ့ မျက်နှာချင်း မဆိုင်ချင်ပါ။

ဒီလိုနဲ့ပဲ တစ်ပတ်လောက် ကျတော် ဇွဲထက်စကားပြောလာရင် ရှောင်နေမိတယ်။

ဇွဲထက်-"နေယံ မင်းဘာဖြစ်လို့ ငါ့ကိုရှောင်နေတာလည်း"

နေယံ-"မင်းထင်လို့ပါ"

ဇွဲထက်-"ထင်တာမဟုတ်ဘူး မင်းငါ့ကို ရှောင်နေတာ တစ်ဖွဲ့လုံးသိတယ် ဘာလည်း ငါက မင်းရဲ့ Finalက crushကြီးကို ဖွင့်ပြောလိုက်လို့ စိတ်ဆိုးနေတာလား"

အခုချိန် အံဩသွားသူတွေမှာ အိဖူး အုပ်စိုး နဲ့ အောင်ခေတ်ပိုင် ။သူတို့ သုံးယောက်မှာ ဒီကိစ္စကို အခုမှသာ သိရသည်။ဇွဲထက်ကိုလည်း မယုံနိုင် အခုတလော ‌ခြေလမ်းတွေ ပျက်နေတယ် ဆိုတာပဲ ရိပ်မိကျသည်။ထို့ပြင် ဇွဲထက်သည် ဒီလိုတော့ မလုပ်သင့် နေယံက မစွဲမက်ခင်ကို First year ကတည် crush ခဲ့တာ ။ဇွဲထက်က ဟိုတလောလေးကမှ မစွဲမက်ခင်ကို သိသည်။အခု ဖွင့်ပြောပီးပီဆိုပဲ။

နေယံ-"စိတ်ဆိုးတယ် ဆိုတာ မိန်းမတွေ လုပ်တဲ့အလုပ် အခုငါက ဒေါသထွက်နေတာ သစ္စာဖောက်ခံ ရတယ်လို့ ခံစားနေရတာ။ပီးတော့ သစ္စာဖောက်ခံရတာလည်း ငါ့သူငယ်ချင်း အရင်းကြီးဖြစ်နေလို့ ငါပိုပီး ဒေါသထွက်နေတာ"

My boy is Housemaid (Complete)Where stories live. Discover now