Part(11)

6.1K 471 8
                                    

#Uni

နောက်တစ်နေ့ မနက်

"အော်......သမီး အယ် သမီးမဟုတ်တော့ဘူး သားရောက်လာပီလား"

"ဟီး..ဟုတ် သားရောက်ပီ ကြီးကြီးမြ။ ကြီးကြီးမြ ဘာတွေချက်နေတလည်း "

" သားနေယံအတွက် ဟင်းတွေလုပ်နေတာ သားရဲ့"

"အကိုနေယံက မနက်စာ ကော်ဖီပဲသောက်တာကို ကြီးကြီးမြက ဟင်းတွေအစောကြီး ချက်နေတာလား"

"ဟုတ်တယ် သားရဲ့ သားနေယံရဲ့အမေ နေသိပ်မကောင်း အဲ့အိမ်ကို ခန သွားနေမလို့ သားရဲ့"

"ဪ........."

"ကြီးကြီးမြ ကိုနေယံက ဘာလို့ မိဘတွေနဲ့ အတူမနေတာလည်း"

"ကြီးကြီးမြလည်း သေချာမသိဘူးသားရဲ့ သားနေယံက ကျောင်းပီးလို့ အလုပ်ဝင်တာနဲ့ အိမ်သက်သက် ခွဲနေတာ သားရဲ့"

အဟမ်း....

"မင်းရောက်နေပီလား"

"ရောက်လို့ မြင်ရတာပေါ့"

"မင်းစကားကို အကောင်းမပြောတက်ဘူးလား"

"ပြောတက်တယ် တခြားသူတွေနဲ့ဆို"

"အဲ့တော့ မင်းက ငါနဲ့မို့ ဒီလိုပြောတာပေါ့"

"ဘာလည်း မင်းက ငါစိတ်ဝင်စားတာလိုချင်လို့လား"

"ခင်ဗျား မှန်ကြည့်ခဲ့လား"

"ဘာလို့လည်း"

"မကြည့်ရသေးရင်လည်း ပြန်ကြည့်လိုက်"

"ဂျပုကောင်...."

"ဘာ ခင်ဗျားဘာပြော လိုက်တာလည်း"

"မင်းကြားလိုက်တာပဲ ဘာလို့ ပြန်မေး နေတာလည်း"

"ကျစ်...ဒီမှာ ခင်ဗျား သိလား"

ကျတော် အရပ်က ကျတော့် အသက်နဲ့ ကျတော့် ရုပ်နဲ့က ကွက်တိပဲ။ခင်ဗျားသာ အသက်ထက် အရပ်က ထူးချွန်နေတာ လောရှည်ကောင်ရဲ့။ခင်ဗျားကြောင့် တိုင်ပြည်နဲ့လူမျိုး ထိခိုက်တယ် သိလား"

"ဘာပြောတယ်"

"ဟုတ်တယ်လေ ခင်ဗျားက အဝတ်အစားတွေဆို သူများထက်ရှည်ချုပ်ရတယ်လေ"

"အဲ့တော့ ဘာဖြစ်လည်း"

"ဘာဖြစ်ရမှာလည်း ခင်ဗျားက အဲ့လိုပိုချုပ်တော့ တစ်ချို့ မိန်းကလေးတွေဆို အစမလောက်လို့ ဗိုက်တွေကို ပေါ်လို့"

My boy is Housemaid (Complete)Where stories live. Discover now