Part(16)

5.7K 415 7
                                    

#Uni

At company

"ရန်နိုင် ငါမလာတဲ့ အတောအတွင်း ‌အခြေအနေ ဘယ်လိုလည်း အဆင်ပြေရဲ့လား"

"ဟုတ် အဆင်ပြေပါတယ်"

"အေးအေး မင်းလည်းပင်ပန်းသွားပီ။မင်းကိုငါ လစာတိုးပေးမယ် ဒီလက စပီး"

"မလိုပါဘူး ဆရာရယ် ကျတော်နဲ့ဆရာက ပြောရမဲ့ သူတွေမှ မဟုတ်တာ"

"အေးပါကွာ ။ဒါပေမဲ့ လစာတိုးတာကို လက်ခံပေး ဟုတ်ပီလား"

"ဟုတ်ကဲ့ဆရာ"

"ဪ ဒါနဲ့ဆရာ ဟို ကိုဇွဲထက်တို့ မြန်မာနိုင်ငံ ပြန်ရောက်နေပီ။အခုတလော နာမည်ရလာတဲ့ ZH group က ကိုဇွဲထက် ပိုင်တာတဲ့"

"ဪ ဟုတ်လား။သူတို့က ငါနဲ့မဆိုင်တော့ဘူးလေ။ပတ်သတ်စရာ လည်းမလိုတော့ဘူး။ငါ့ကို လာမငြှိရင်ပေါ့"

****************************

အိမ်မှာတော့ ဝေဟင်တစ်ယောက်။

"အား.......ပျင်းလိုက်တာကွာ ။
အပြင်သွားရင် ကောင်းမလား ဟိုနှစ်ယောက်ကို ဖုန်းဆက်ပီး ချိန်းရမယ်"

"ဟဲလို ......သုတ ငါတို့ ရုပ်ရှင်လေး သွားကြည့်ရအောင် "

...........................

"သစ်သစ်ပါ မင်းဝင်ခေါ်ခဲ့လိုက်"

............................

"ငါက အိမ်ကကားနဲ့လာခဲ့မှာ"

...........................

"Ok ခနနေ တွေ့မယ်"

ကျတော်လည်း အဝတ်စား လေးလည်း ပီးတော့ မီးခံသေတ္တာလေး ဖွင့်လိုက်တယ်။
Wtf.........ကျတော်မျက်လုံးကို ပြူးသွားတယ်။ပိုက်ဆံတွေဆိုတာ နည်းတာမဟုတ်ဘူး ကဒ်တွေလည်း အများကြီး ။ဒါ.....ဒါ ငါသုံးဖို့လား။

ဘယ်လောက်ပဲ များနေပါစေ အခွင့်ရေး ယူပီးမသုံးပါ။ဟုတ်တယ်လေ လင်တစ်ထမ်း မောင်တစ်ရွက်တဲ့။ကျတော်လည်း လိုသလောက်ယူပီး အောက်ထပ်ဆင်းလာလိုက်တယ်။

"ကြီးကြီးမြ သား အပြင်သွားမလို့ ကြီးကြီးမြ ဘာမှာ အုံးမလည်း"

"မမှာတော့ဘူး သားငယ်ရေ။
သားငယ် သူငယ်ချင်းတွေ လာခေါ်မှာလား"

My boy is Housemaid (Complete)حيث تعيش القصص. اكتشف الآن