Part(28)

5.4K 381 5
                                    

#Uni

ကျတော် Toiletထဲရောက်တော့ လူနှစ်ယောက် ကျတော်နားကပ်လာတာကို သတိထားမိတယ် ။ကျတော်လှည့်ကြည့်လိုက်တော့ ကျတော့် မျက်နာပေါ် ပဝါတစ်ခုအုပ်လိုက်တဲ့ အချိန် ကျတော်ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားတယ်

"တောင်းပန်ပါတယ် ကိုကို"

***************************

"နေယံ မင်းဘာဖြစ်နေတာလည်း "

"ငယ်သွားတာ နည်းနည်း ကြာနေပီလားလို့"

"သိပ်မကြာသေးပါဘူး မင်းလိုက်ချင်လိုက်သွားလေ"

ကျတော်စကားပင် မဆုံးသေးဘူး နေယံတစ်ယောက် ထပြေးသွားတာများ မာရသွန်ပြေးပွဲဆို ပထမရလောက်တယ်။

📱Ring..........

"ဟဲလို"

........................

"ဘာ...မျက်ခြေမပြတ်စေနဲ့ ငါအခုလာပီ။ဝေဟင် မင်းဘာမှ မဖြစ်ပါစေနဲ့"

"ဇွဲထက် ဇွဲထက် ...ငယ် Toiletထဲမှာ မရှိဘူး"

"စိတ်မပူနဲ့ ငါ့လူတွေ ဝေဟင်နောက်လိုက်နေတယ်။ငါတို့ အမြန်လိုက်သွားရမယ်"

"မြန်မြန်သွားရမယ် ။ငယ်ကြောက်နေလိမ့်မယ်"

နေယံလည်း ကားပေါ်က သေနတ်ဝင်ယူပီး ဇွဲထက် ကားနဲ့ပဲ ဝေဟင်ရှိရာသို့ သွားခဲ့တယ်။တော်သေးတာပေါ့ အခုတလော သေနတ်ကို သွားတဲ့နေရာ ဆောင်ထားလို့။(သေနတ်က လိုင်စင်နဲ့ ကိုင်တာ‌ပါနော်)

***************************
တစ်ဖက်တွင်

"သူအခုထိ သတိမရသေးဘူးလား။ရေနဲ့ပတ်လိုက်"

ဗွမ်း.......အဟွတ် ...အဟွတ်

"သတိရလာပီလာ မောင်လေး"

"ခင်ဗျား...မစွဲမက်ခင်"

"တို့ကို မှတ်မိသားပဲ"

"ခင်ဗျား ဒါဘာလုပ်တာလည်း ကျတော်ကို အခုချက်ချင်း ကြိုးဖြေပေး"

"မင်းကိုတို့ သတိပေးပါတယ်။မင်းကမှ လက်မခံတာ"

"ခင်ဗျား...ရူးနေတာလား။
ခင်ဗျား ကျတော်ကို အခုလိုဖမ်းထားတာ ရာဇဝတ်မှုမြောက်တယ်နော်"

"ငါက အဲ့ဒါတွေကို ဂရုစိုက်တယ်ထင်နေတာလား။အရင်တစ်ခါ မင်းလွှတ်သွားတာ ကံကောင်းတယ် မှတ်ပါ ။လူတစ်ယောက်ကံက နှစ်ခါမကောင်းဘူးနော် ဝေဟင်"

My boy is Housemaid (Complete)Onde histórias criam vida. Descubra agora