Part(23)

5.5K 400 6
                                    

#Uni

အခုဆို ငယ်ရဲ့ ဗိုက်လေးလည်း ငါးလထဲ ရောက်နေပီ။ဗိုက်လေးက အနည်းငယ် ပူနေပီ။ငယ်က အခုတလော ကလေးအရမ်းဆန်လာတယ် ။ဒါကလည်း ကျတော် အပေါ်မှာပဲ ငယ်က ကလေးဆန်တာပါ။တစ်ခြားသူရှေ့ဆို ငယ်က ကျတော်ထက်တောင် ရင့်ကျက်သေးတယ်။

"ငယ် အိပ်ချင်နေပီလား ။နွားနို့ သောက်ရအုံးမယ်နော်။ဆေးလည်း သောက်ရမယ်"

"နွားနို့ မသောက်ချင်တော့ဘူး ။အိနေပီ"

"မသောက်လို့ မရဘူးလေငယ်ရဲ့၊ငယ်သောက်မှ ကလေးရော ငယ်ရော အားရှိမှာပေါ့"

"ဟင့်အင်း သောက်ချင်ဘူး"

"ငယ်ရာ မဆိုးပါနဲ့ ။ငယ်က ကလေးလေးလား ဘာလို့ နွားနို့ မသောက်ချင်လို့ ဆိုးနေရတာလည်း"

"ဟုတ်တယ် ငယ်က ကလေးလေး ကိုကို့ကလေးလေး "

"ငယ် ကိုယ်ကို ဘယ်လိုခေါ်လိုက်တာလည်း ပြန်ခေါ်ပါအုံး ငယ်ရယ်"

"ကိုကို ငယ် နွားနို့ မသောက်ချင်ဘူး နော်...နော်လို့"

"ငယ်ရာ ကိုယ် ငယ့်ကို အူတွေယားနေပီ ညစ်မိတော့မယ်ကွာ ဘာလို့ အဲ့လောက်ချစ်ဖို့ ကောင်းနေရတာလည်း"

"ကိုကို နော်လို"

"ငယ်လေးက တကယ်မသောက်ချင်တာလား"

"ဟုတ်တယ်"

"အင်းပါ ငယ်မသောက်ချင်ရင်လည်း မသောက်နဲ့လေ ကိုယ်တို့ရဲ့ ရင်သွေးလေးကတော့ ဗိုက်စာနေတော့မှာပဲ သူ့ပါပါးက နွားနို့မသောက်တော့"

ကျတော်လည်း အသံကို လေးတိလေကန်နဲ့ ပြောပေးလိုက်တယ်။

"ပေးပေး နွားနို့ခွက် ။သောက်မယ် သောက်မယ်"

ကျတော်သိတာပေါ့ ငယ်က ကလေးလေးနဲ့ ပတ်သက်ရင် မရဘူးဆိုတာ။

"ရော့ ကုန်သွားပီနော် ။ငယ် အိပ်ချင်ပီ ပုံပြင်စာအုပ်ဖတ်ပြတော့"

ငယ် ကိုယ်ဝန်စရှိပီ ဆိုကတည်းက ညတိုင်း ပုံပြင်စာအုပ်ဖတ်ပြရတာ ကျတော်အလုပ်။စာအုပ်ဖတ်ပြရတာ မပင်ပန်းဘူး ငယ်တစ်ချက် တစ်ချက် ထထရစ်မှာပဲ ကြောက်ရတာ။အရင်တစ်ပတ်ကလည်း သာဇံအကြောင်း ဖတ်ပြလိုက်ပါတယ် သာဇံက မလုံမခြုံနဲ့ အပင်တွေပေါ် လွှားကနဲလွှားကနဲ့ သွားတာ တောထဲက တိရိစ္ဆာန်တွေကို တုတ်ပြခဲပြ လုပ်ပါတယ်ဆိုပီး ထရစ်လို့ ဖြေရှင်းချက်ပေးရတယ်သေးတယ်။အခုလည်း ဖတ်ပြရမှာ ခပ်လန့်လန့်။

My boy is Housemaid (Complete)Where stories live. Discover now