Part(21)

5.9K 481 6
                                    

#Uni

"ကိုယ်မင်းကို မချစ်ဘူးဝေဟင်"

ဟောကြည့် အဲ့လိုပြောလိုက်တော့ ရင်ခွင်ထဲက ကောင်လေး မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်လာတယ်။

"မြတ်နိုးတယ် ငယ်။ဟုတ်တယ် ကိုယ်မင်းကို မချစ်ဘူး မြတ်နိုးတာ ငယ်။

အဲ့လိုပြောပီး နဖူးလေးကို တစ်ချက်ငုံ့နမ်း လိုက်တယ်။

"ခင်ဗျား ကျတော့်ကို တကယ်ပြောတာလား မြတ်နိုးတယ်ဆိုတာ"

"ရင်ထဲက လာတဲ့စကားတွေ ဝေဟင်"

"ဝေဟင် မဟုတ်ဘူး ငယ်လို့ခေါ်။ကျတော် ကြိုက်တယ် ခင်ဗျား ပါးစပ်က ငယ်လို့ခေါ်တာ"

"ကိုယ်အဲ့လို ခေါ်ချင်နေခဲ့တာ ကြာပီသိလား။ငယ် မကြိုက်မှာဆိုးလို့ ကိုမခေါ်တာ"

"အခုက စပီး ငယ်လို့ခေါ် ကျတော်ခွင့်ပြုတယ်"

"မြတ်နိုးလိုက်တာ ငယ်ရာ"

"ဘာလို့ ကျတော့်ကို ပြန်မမေးတာလည်း "

"ဘာပြန်မေးရ မှာလည်း ငယ်ရဲ့"

"ကျတော် ခင်ဗျားကို ချစ်တယ် မချစ်ဘူး ဆိုတာကိုလေ"

"မေးစရာ မလိုဘူး ငယ်ရဲ့ ငယ်မျက်ဝန်းတွေ ငယ်ရဲ့ ကိုယ့်အပေါ် မသိမသာ ဂရုစိုက်တာလေးတွေက ကို့အတွက် အဖြေပဲ။ချစ်တယ် ဆိုတဲ့ စကားက ပါးစပ်က ထုတ်ပြောမှ သိတာမဟုတ်ဘူး ငယ် နှလုံးသားက သူ့ရင်ခုန်ဖက်ကို တွေ့ရင် သူအလိုလိုကို အချက်ပေးလာတာ"

"ဒါပေမဲ့ ကျတော်က ပြောချင်တယ်။ကျတော် ခင်ဗျားကို ချစ်တယ်ဆိုတာ အရမ်းအရမ်း ချစ်တယ်ဆိုတာကိုလေ"

"ငယ်ရာ ဘယ်လိုလေးလည်း ကိုယ်အူတွေယားလာရင် ငယ်တော့ မနက်ထိ မအိပ်ရပဲ ဖြစ်သွားလိမ့်မယ်"

"ခင်ဗျားနော် ကျတော် အခုအရမ်းအရမ်း အိပ်ချင်နေပီသိလား"

"ဟောဗျာ ချက်ချင်းကြီး"

"ကျတော်က အဲ့လိုပဲ"

"ဟား....ဟုတ်ပါပီကွယ် အိပ်တော့ မြတ်နိုးရာ ငယ် ကိုယ့်ရဲ့ ရင်ခွင်ထဲမှာ"

မကြာပါဘူး ရင်ခွင်ထဲက ကောင်လေး အသက်ရှုသံ မှန်မှန်လေးနဲ့ အိပ်ပျော်သွားပီ။
ကျတော်လည်း တာဝန်မပျက်မကွက် နဖူးလေးတစ်ချက် နမ်းပီး ။

My boy is Housemaid (Complete)Where stories live. Discover now