Part(19)

5.4K 408 4
                                    

#Uni

7:30Am

"ကိုနေယံ ထတော့လေ အလုပ် သွားရမှာမလား နောက်ကျနေပီ"

"အင်း ဝေဟင် ထပီနော်"

"ကိုနေယံ ညဘက်တွေ တအားနောက်ကျမှ အိပ်တာကို"

"နောက်ခါ ကိုယ်စောစော အိပ်ပါ့မယ်။ဟုတ်ပီလား"

"ကိုနေယံ သဘောပါ ။ကျတော်နဲ့က ဘာဆိုင်လို့လည်း"

"ဟောဗျာ ကိုယ်နဲ့မင်းက မဆိုင်ဘူးလား ဆိုင်ကြောင်း သက်သေပြရမလား"

"ဟာဗျာ ခင်ဗျားကတော့။ကျတော် ဗိုက်စာနေပီ မြန်မြန်ဆင်းလာ"

"ဟေး ဘာလို့ ပြေးသွားတာလည်း ကိုယ်က လက်ထပ်စာချုပ် ပြမလို့ပါကွာ"

အခုဆို ကျတော်နဲ့ ကျတော့်ရဲ့ မြတ်နိုးရာငယ်တို့ လက်ထပ်ထားတာ တစ်လပြည့်တော့မယ်။ဒီအတောအတွင်း ကျတော်သိလိုက်ရတဲ့ ငယ့်အကြောင်းကတော့ ငယ်က တစ်ခါတလေ ကလေး‌ဆန်တယ်။မသိမသာလေး ကျတော်ကို ဂရုစိုက်တက်တယ်။ပီးတော့ သူမှန်ရင် ဘယ်သူ့ကိုမှ မကြောက်တက်တဲ့ အဲ့စိတ်လေးလည်း တွေ့ရတယ်။
ကျတော်ရဲ့ ငယ်က ဆက်ဆက်ထိ မခံလေးပါ။

ဟိုတလောကလည်း လမ်းထဲက အန်တီကြီးနဲ့ ရန်ဖစ်လာတယ် အကြောင်းအရင်းကတော့ ယောကျာ်းချင်း ယူထားတာ ရွံစရာကြီးလို့ ပြောလို့တဲ့လေ။ငယ်ကလည်း ဆက်ဆက်ထိ မခံ ဟိုဘက်ကလည်း ခပ်စွာစွာ ရပ်ကွက်ရုံး ရောက်တဲ့အထိ ဖြစ်သွားတယ်။

ထမင်းစားခန်းထဲတွင်

"ကိုနေယံ ဆင်းလာသေးတယ်နော်။ဒါနဲ့ ဒီနေ့ ရှုတင်ရှိလို့လား"

"ရှုတင် ကိုကမင်းသားမှ မဟုတ်တာ ဝေဟင်ရဲ့"

"ဪ မင်းသား မဟုတ်ဘူး ဆိုတာတော့ သိသေးတာပဲ companyသွားတာ အဲ့လောက်ပြင်ဖို့ လိုလို့လား"

"ဟား....ကိုယ့်ရဲ့ဝေဟင်လေးက သဝန်တိုနေတာလား"

"ဝေးသေး ။ဒါနဲ့ ကျတော် ကိုနေယံကို အကူအညီတောင်းချင်လို့"

"အကူအညီဟုတ်လား ဘာများလည်း"

"ဟို...ကျတော်ကို မေမေတို့ဆီက ပိုက်ဆံ သိန်း၃၀လောက်‌ ချေးပေးပါ့လား"

My boy is Housemaid (Complete)Where stories live. Discover now