Part(29) Baby born

6.7K 454 13
                                    

#Uni

နောက်အပတ်ဆို အကောင်ပေါက်လေးကို တွေ့ရတော့မယ်။

ငယ်အမ ရတီနဲ့ အောင်ခေတ်တို့လည်း မင်္ဂလာဆောင်ပီးလို့ ဟန်းနီးမွန်းကနေ ညနေဆိုပြန်ရောက်တော့မယ်။

မာမီနဲ့ အမေတို့ကလည်း နေ့တိုင်း အိမ်ကို တစ်လှည့်စီ ငယ့်ဆီလာကျတယ်။

သစ်သစ်နဲ့အိဖူးကတော့ fujoshi အချင်းချင်း တွဲမိနေကျတယ်။

အုပ်စိုးနဲ့သုတကတော့ မကြာခင် သတင်ကောင်းကြားရတော့မယ် ထင်တယ်။

ဇွဲထက်ကတော့ နေ့တိုင်းအိမ်ကို ချောင်းပေါက်ရုံမဟုတ်ဘူး တမံကိုဆောက်နေတာ။ကလေးပစ္စည်းတွေလည်း တစ်နေ့တစ်မျိုးဝယ်ဝယ်လာလို့ အကောင်ပေါက် အခန်းဆို ပြည့်နေပီ။

စွဲမက်ခင်ကတော့ လူသတ်မှု၊ပြန်ပေးဆွဲမှု၊ဆေးမှုတွေကြောင့် တသက်တစ်ကျွန်း ကျတယ်။

"ကိုကို ဘာတွေ စဉ်းစားနေတာလည်း"

"ကိုယ်လား အင်း...အကောင်ပေါက်လေး မွေးလာရင် ဘယ်လို နာမည်ပေးရမလည်း စဉ်းစားနေတာ"

"ငယ်က စဉ်းစားပီးပီ"

"ဟုတ်လား ငယ်။ဘယ်လိုစဉ်းစားထားလည်း"

"ကိုကိုရယ် လွယ်ပါတယ် နေယံမင်းမြတ်နဲ့ ဝေဟင်ဖုန်းမြတ်တို့ရဲ့ သားနာမည်က နေယံဖုန်းမြတ်"

"နေယံဖုန်းမြတ်"

"အင်း ကောင်းတယ်ငယ်လေး ။ကိုယ်တို့ရဲ့ ကိုယ်ပွားလေးဆိုတော့ ကိုယ်တို့ရဲ့ နာမည်လေးတွေ ပါအောင်မှည့်ထားတာ"

"ငယ် ကတော်လိုက်တာ"

"တော်မှာပေါ့ ဝေဟင်ဖုန်းမြတ်လေ သိတယ်မလား"

"ဟား......ဟုတ်ပါတယ်ဗျာ"

"‌ဟျောင့် နေယံ ငါလာတယ်"

"မင်းငါ့အိမ်ကို မလာတဲ့ရက် ရှိလို့လား"

"ငါက မင်းဆီလာတာ မဟုတ်ဘူး ငါ့တူလေးဆီလာတာ"

"မင်းပေးတဲ့ အကြောင်းပြချက်တွေက တစ်ရက်နဲ့တစ်ရက် မထပ်ဖူးနော်"

"ငါက စာဖတ်တယ်လေ မင်းလိုယောကျာ်းနား ကပ်နေတဲ့ကောင်မှမဟုတ်တာ"

My boy is Housemaid (Complete)Onde histórias criam vida. Descubra agora