Part(8)

5.9K 500 2
                                    

#Uni

⏰တီ......တီ.......5:30Am

ဝှား......နှိုးစက်ကို ပိတ်ပီ ရေချိုးခန်းဝင်ရေအမြန်ချိုးရတယ်။ပြင်ဆင်စရာ များတာကို ။တကယ်မိန်းကလေးလို ဟန်ဆောင်ရတာ လွယ်မနေဘူး။

-အခန်းရှေ့ရောက်တော့

"ဟင် ဝေဟင် စောလှချည်လား "

"စောရမှာပေါ့ ဟိုအမျိုးကောင်းသားက ငါ့ကို မနက်၇နာရီအရောက်လာခိုင်းထားတာလေ"

"ဪ.....နင်ကလည်း စိတ်မပါလို့ တော်တော့တယ် ပြင်ထားလိုက်တာများ"

"ငါမသွားပဲနေလိုက်ရမလား မိယွန်း"

"မောင်လေးကလည်း စတာကို ဖြေးဖြေးသွားအုံးနော်"

"အေးအေး"

**************************

"ဪ....သမီးရောက်လာပီလား အစောကြီး"

"မစောဘူး ကြီးကြီးမြ သား..သမီးကို အကိုနေယံမင်းမြတ်က အစောလာခိုင်းထားလို့"

"သမီးအခု ဘာလုပ်ပေးရမလည်း"

"လာသမီး ထမင်းစားခန်းထဲ"

"ဟုတ်ကဲ့"

"ကြီးကြီးမြ ‌"

"ဪ...သားအစောကြီးနိုးနေတာလား မနက်စာ ပြင်လိုက်ရတော့မလား"

"မစားသေးဘူးကြီးကြီးမြ နောက်ပီ.....မနက်စာကို သူတစ်ယောက်ထဲ ပြင်ပါစေ"

"ကြီးကြီးမြ ဈေးသွားမှာမလား စောစောသွားလိုက်ပါ"

"အာ့ဆို ကြီးကြီးမြ ဈေးသွားတော့မယ်နော်..."

"ဟိုတစ်ယောက် ခနနေ ငါမနက်စာ စားမယ်ပြင်ထားလိုက်"

ပြောပီးအပေါ်ထပ်တက်သွားသော လောရှည်ကောင်။ဒါလူကို တကူးတကဆင်းခိုင်းတာ။

မျက်နာကိုက တစ်လောကလုံး သူ့လုပ်စာထိုင်စားနေတဲ့ရုပ်နဲ့ ဟွန့်......။ဒါနဲ့မနက်စာဘာလုပ်ရမှာလည်း။မနက်စာပဲ ထွေထွေထူးထူးပြင်စရာမလိုဘူး ကော်ဖီနဲ့ပေါင်မုန့်ကြက်ဥကြော်လောက်ဆိုရပီ ။မရလည်း မတက်နိုင်ဘူး အာ့တောင်မနည်းလုပ်ရမှာ။

-ခနအကြာ........

"ရပီလား......"

"အင်း (မျက်နာသေဖြင့်)"

My boy is Housemaid (Complete)Donde viven las historias. Descúbrelo ahora