Part(7)

6.2K 499 5
                                    

#Uni

"ကြီးကြီးမြ သမီးဟိုအကိုအခန်းရှင်းမလို့ အခန်းလေး ပြောပြပေးအုံး"

"သမီးရယ် ဘယ်က ဟိုအကိုလည်း သား‌နာမည်က နေယံမင်းမြတ် ဟုတ်ပီလား"

"ဟီး.....ဟုတ်ကဲ့ ကြီးကြီးမြ"

အင်း...ဒီသမီးလေးပုံစံကဖြူဖြူနုနု‌လေး သားနဲ့ဘယ်လိုပတ်သတ်ပီး အိမ်အကူလာလုပ်တာပါလိမ့်

"ကြီးကြီးမြ ကြီးကြီးမြလို့ ဘာတွေတွေးနေတာလည်း သမီးကို အကိုနေယံမင်းမြတ်အခန်းလေး ပြောပြပါဆို"

"ဟုတ်ပါပီ သမီးရယ် လှေကားထစ်တိုင်တက်သွာ ပထမဆုံးတွေ့တဲ့အခန်းက အကိုလေးအခန်းပဲ"

"ဟုတ် အာ့ဆို သမီးသွားပီနော်"

"သမီးလေး ခန ။သမီးအကိုလေး အခန်းထဲက စားပွဲခုံကအံဆွဲကိုတော့ သွားမထိနဲ့နော် သမီး။ အကိုလေးက ဘယ်သူမှ အဲ့အံဆွဲကို မထိခိုင်းဘူး"

"ဟုတ်ကဲ့ ........"

-အခန်းထဲရောက်သော်......ဝါး.......။အခန်းကြီးက မိုက်လိုက်တာ....အကျယ်ကြီးပဲ ။ပီးတော့ ဒီလောက်ရှင်းနေတဲ့အခန်းက ဘာရှင်းရမှာလည်း ဖုန်တစ်မှုံတောင်မရှိတဲ့ဟာ။နေအုံး ငါမရှင်းလည်း သူသိမှာမှမဟုတ်တာ။အဟိ တော်လိုက်တဲ့ ငါ။ နေအုံး လျှော်ရမဲ့ အဝတ်က ဘယ်နားလေးမှာလည်း ရေချိုးခန်းထဲမှာလား။တွေ့ပါပီ ချွတ်ထားတဲ့အဝတ်တွေ ။ တစ်စက်လေးမှ မပေတဲ့အဝတ်တွေလျှော်ခိုင်းနေတယ် ငါဆို ၃ရက်လောက်ဝတ်မှာ။ ရေလေးစိမ်ပီး လှမ်းလိုက်မယ် ဆပ်ပြာမှမလိုတာ။(အိမ်အကူငှားချင်နေပီ ဝေဟင်ကို)

-📱Ring......Ring...

"Hello ဝေဟင် အိမ်မှာလား"

"မဟုတ်ဘူး သုတငါအပြင်မှာ "

"ဘယ်မှာလည်း ငါလာခဲ့မယ်"

"ဟင်.....မလာနဲ့တော့ ငါအခုပြန်လာနေပီ"

"ချက်ချင်းကြီးနော် မင်းက "

"မဟုတ်ပါဘူးကွာ မင်းဖုန်းဆက်တာပြောစရာရှိလို့လား ‌"

"အေးဟုတ်တယ် ညကျရင် club သွားမလို့ အဲ့တာမင်းကို ကြိုပြောတာ "

"မင်းနဲ့ငါ နှစ်ယောက်ထဲလား"

"မဟုတ်ဘူး သစ်သစ်ရောပါတယ် "

My boy is Housemaid (Complete)Where stories live. Discover now