Part(27)

5.3K 393 4
                                    

#Uni

ဒီနေ့တော့ ထူးထူးခြားခြား ကျတော် အရင်နိုးတယ် ။တစ်ခြားကြောင့်တော့ မဟုတ် ရန်ဖြစ်ထားတဲ့ အရှိန်ကြောင့် ကိုယ်လက်တွေ နာနေတာ ဆက်အိပ်မရတော့လို့။

"ငယ် နိုးနေပီလား"

"ဟုတ် ကိုကို ။ငယ် ကိုယ်လက်တွေနာ နေလို့"

"ဟင် ဟုတ်လား ငယ်။တအား နာနေလား "

"တအား ကြီးတော့ မဟုတ်ပါဘူး"

"ကိုကို ဆေးလိမ်းပေးမယ်နော်"

*******************************

"ရှင့် လူတွေက အသုံးကို မကျဘူး ။သုံးယောက်တစ်ယောက်ကို ဟို အခြောက်ကောင်ကိုမနိုင်ကျဘူးလား"

"မစွဲမက်ခင် ခင်ဗျားပြောတဲ့ တစ်ယောက်က အခြောက်ရော ဟုတ်လို့လား။အခု ကျတော့်လူ သုံး‌ယောက်လုံး ပြန်တောင်ရှာမတွေ့ဘူး"

"ရှင့်လူတွေ အသုံးမကျတာလေ ကျမက ရှင်တို့ကို အလကား ခိုင်းတာ မဟုတ်ဘူးနော် တန်ရာ တန်ကြေးပေးခိုင်းတာ။အခုလည်း အဲ့ကောင်ကို စောင့်ကြည့်ထား လစ်တာနဲ့ ဒီတစ်ခါ ဖမ်းခေါ်ခဲ့ ငါကိုယ်တိုင် ရှင်းမယ်"

**********************************

"စွဲမက် မင်းအခုတလော ဘာတွေလုပ်နေတာလည်း"

"ဘာကိုမေးတာလည်း ကိုယ်"

"မင်း ခြေလှမ်းတွေ ပျက်နေတာ ငါသိတယ်နော်။မင်းအလောင်းကစား လုပ်တာ အပျော်အပါးလိုက်စားတာ ငါတစ်ခုမှ ‌မပြောဘူး။အေး နေယံနဲ့ဝေဟင်ကိုတော့ မင်းမနှောက်ယှတ်နဲ့ ငါခွင့်လွှတ်ပေးမှာ မဟုတ်ဘူးနော်"

"စွဲမက်က ဘာတွေလုပ်နေလို့လည်း"

"မင်းကိုယ်မင်း သိမှာပေါ့။မင်းကို ငါစောင့်ကြည့်နေတယ် ဆိုတာ မင်သိထား စွဲမက်ခင်"

"ဘာ.......ကိုယ်က စွဲမက်ကို စောင့်ကြည့်နေတယ်ဆိုတာက"

"ဟင်း.....မင်းကို ထပ်သတိပေးမယ် နေယံနဲ့ဝေဟင်ကို မနှောက်ယှက်နဲ့ ဝေဟင်ကို ထပ်ပီး ဒုက္ခပေးကြည့် မင်းငါ့အကြောင်းကောင်းကောင်းသိပါတယ်နော် စွဲမက်ခင်။ဟိုမယ် စားပွဲပေါ်မှာ ကွာရှင်းစာချုပ် ငါလက်မှတ်ထိုးထားတယ် မင်းထိုးဖို့ပဲ ကျန်တော့တယ်"

My boy is Housemaid (Complete)Onde histórias criam vida. Descubra agora