အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I

4.9K 292 14
                                    

အရင်ကတင်ထားတဲ့အပိုင်းတွေကဖတ်ရတာရှည်တယ်ဆိုလို့ ဆု၂ပိုင်းစီပြန်ခွဲပေးထားပါတယ်။အပိုင်းတွေကိုအသစ်ပြန်ခွဲထုတ်လိုက်တော့ Viewerတွေနဲ့ Votingတွေအကုန်ပျောက်ကုန်ပါတယ်။

အဲ့တာကြောင့်အခုဒီအပိုင်းကနေစပြီးနောက်အပိုင်းတွေကိုလည်းဖတ်ပြီးရင်ပြန် Voteပေးကြပါဦးနော် ပလိစ် 😭🙏

••••••••••••••••••••••••••••••••••••••••••••••••••

အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I

Unicode

[အချစ်ဆိုတာ...နာကျင်ရတယ်...ဝမ်းနည်းရတယ်...ပူလောင်ရတယ်... ]

ုံးခန်းအတွင်းရှိ ရှေးဟောင်းနာရီဟောင်းကြီးကနေ တစ်နာရီလည်ပတ်ပြီးသွားတဲ့အချိန်တိုင်း
ထွက်ပေါ်လာတတ်တဲ့တဒင်ဒင်ဆိုသောတုန်ခါသံကြီးမှာ အဆောက်အအုံအနှံ့သို့ကျယ်လောင်စွာပျံ့နှံ့လာခဲ့လေသည်။လင်းထွဋ်တစ်ယောက်ဝန်ထမ်းနားနေခန်းထဲ၌ ခါးသက်သောရနံ့တို့ပြည့်နှက်နေတဲ့ကော်ဖီတစ်ခွက်ကို စားပွဲပေါ်၌တင်ထားလျက်နှင့်သူ၏ Smart watchလေးအား အဆက်မပြတ်ကြည့်နေခဲ့သည်။

လင်းထွဋ်မှာ လက်မငြိမ်ခြေမငြိမ်ဖြစ်နေသော်လည်း သခင်လေးဖြစ်သူရဲ့ပုံမှန်အလုပ်ပြီးချိန်မရောက်မချင်း
သူထိုအခန်းထဲမှထွက်မလာရဲသေးပေ။
မဟုတ်လျှင် သခင်လေးကသိတဲ့အတိုင်း
တစ်ခွန်းနှင့်မရလျှင် သူ၏အေးစက်စက်ရေခဲရိုက်မျက်နှာကြီးနှင့် လူကိုအေးခဲသွားအောင်လုပ်ပေလိမ့်မည်။

Smart watchလေးအား အခေါက်ပေါင်းများစွာကြည့်ပြီးတဲ့နောက်မှာတော့ သူထိုင်နေရာမှဆတ်ခနဲထရပ်လိုက်ကာ အခန်းပြင်ဘက်ဆီသို့လျှောက်သွားလိုက်ပြီး ဗလာကျင်းဖြစ်နေတဲ့ဝန်ထမ်းတွေရဲ့အလုပ်ခန်းပေါင်းများစွာတို့ရှေ့မှ ဖြတ်ကျော်လိိုက်သည်။

ပြီးနောက် လျှောက်လှမ်း၏ ညာဘက်ဆီသို့ထပ်ချိုးချလိုက်ချိန်၌
သူတဖြည်းဖြည်းနှင့် Meeting roomဘက်သို့နီးကပ်လာခဲ့သည်။ထိုသို့နီးကပ်လာသည်နှင့်အမျှရင်ဝယ်၌ဘာကြောင့်မှန်းမသိခံစားချက်တို့ကလေးပင်နေတာကြောင့် သူခြေလှမ်းတို့ကို ပိုပြီးအလှမ်းကျယ်လှမ်းလိုက်လေသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now