အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
Unicode
[Winter is over]
ကျောင်းသင်္ကြန်ပြီးသွားတဲ့အခါ စနေတနင်္ဂနွေကျောင်းနှစ်ရက်ပိတ်ခဲ့လေသည်။ကျောင်းနှစ်ရက်ပိတ်ပြီး နောက်တစ်နေ့တွင်တော့အစားထိုးဖြေရမည့် Tutorialတချို့တလေရှိတာကြောင့် ကလျာတို့အဖွဲ့နှင့်နေသူရိန်တို့နှစ်ယောက်က ကျောင်းရှေ့မှာချိန်း၍အတူတူလာကြလေသည်။ သူတို့ကျောင်းရောက်ပြီး Lobbyဝိုင်း၌ခနထိုင်နားနေစဥ်တွင် ဟန်လင်းထက်နှင့်မင်းစက်ပါရောက်ချလာခဲ့သည်။"အကိုမင်းစက်လဲ အစားထိုးလာဖြေတာလား?"
ဆက်နောင်က သူတို့နှစ်ယောက်ကိုတအံ့တသြကြည့်ရင်းမေးလိုက်လေသည်။
"အကိုမဖြေရဘူး အလင်းဖြေရမှာ... အကိုလိုက်လာမှဖြေမယ်ဆိုလို့လိုက်လာရတာ!"
မင်းစက်က သက်ပြင်းအရှည်ကြီးချကာပြန်ဖြေလာသံကြားတော့ အူပုတ်လေးဟန်လင်းထက်ကမျက်မှောင်ကြုတ်လိုက်ကာ
"ဘာလဲ ကိုစက်ကကျနော့်ကိုငြီးငွေ့နေပြီလား?" ဟုနှုတ်ခမ်းလေးစူထော်ကာစိတ်ကောက်ပြလာလေသော် တစ်ဝိုင်းလုံးရှိမျက်နှာများကလေဖြတ်တော့မတတ်မဲ့ရွဲ့သွားကုန်ကြလေသည်။
"ဒါနဲ့ ရှိုင်းနဲ့အဆက်အသွယ်ရကြလား?"
သော်တာကအပူတပြင်းမေးလာတဲ့အခါမင်းစက်ကခပ်ဖွဖွဆိုလာသည်။
"အကိုဖုန်းဆက်ကြည့်သေးတယ်
ညီလေးရှိုင်းဇေယံက ဘာမှမဖြစ်လို့ သူ့ကိုအရမ်းစိတ်မပူကြပါနဲ့တဲ့ ..... ""ဘာမှမဖြစ်တဲ့လူက ငိုယိုပြီးပြေးထွက်သွားပါ့မလား?"
ဆက်နောင်ကထိုသို့ထဆိုလာသော်နေသူရိန်ကဆက်နောင်အား ညင်သာစွာလှမ်းပုတ်လိုက်ကာ မပြောနဲ့ဟု အရိပ်အယောင်ပြလာခဲ့သည်။
"အကိုမင်းခန့်ထည်ကလျှိုချက်ပဲနော် MK gpရဲ့အမွေဆက်ခံသူဆိုတာကိုတော်တော်ပိပိရိရိဖုံးကွယ်ထားနိုင်တာပဲ....
ကျနော်တို့တစ်ခါပြောကြတုန်းကတောင် သူပါဝင်ပြောသေးတာမှတ်လား အဲ့တုန်းကသူဘယ်လိုမှမနေဘူးလားမသိဘူး?"
YOU ARE READING
HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)
Romanceသူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေလှိုင်းလေးနဲ့ဆင်တူတယ်။ရေလှိုင်းလေးတွေကပင်လယ်ပြင်ကြီးထဲကိုထွက်ခွာသွားပြီးဘယ်လောက်ထိကြာအောင်ကူးခတ်နေရပါစေ တစ်နေ့နေ့တော့ ကိုယ်ဆိုတဲ့ကမ်းစပ်လေးတ...