အခန်း(၁၂) - တိုးညှင်းတိတ်ဆိတ်စွာသောUnicode
[ရွှေအိုရောင်ဆံပင်နဲ့လူချောလေး ]
အေးစက်နေတဲ့ဆောင်းညလေးတစ်ညရဲ့အခန်းထဲတစ်နေရာဝယ် ငွေရောင်အခိုးအငွေ့တန်းများက လေထုထဲမှာစီတန်းလျက် အခန်းတစ်ခုလုံးနေရာလပ်မရှိအောင်ပြည့်နှက်နေလေ၏။
ဟန်လင်းထက်က သူ့ရဲ့လက်ထဲမှာညှပ်ထားတဲ့စီးကရက်လေးကို ခြောက်ကပ်အက်ကွဲနေတဲ့နှုတ်ခမ်းသားတို့ထက်တင်လိုက်၍သေးငယ်တဲ့မီးတောက်လေးကိုစူးရဲရဲတောက်ပလာတဲ့အထိမက်မောစွာနဲ့တစိုက်မက်မက်ရှိုက်ဖွာလိုက်လေသည်။
အရောင်ဖျော့ဖျော့မျက်ဝန်းတွေက အဖြူရောင်မျက်နှာကျက်အကွက်များကိုငေးကြည့်နေရင်း ဆေးလိပ်ငွေ့တို့ကိုဖြည်းညင်းစွာမှုတ်ထုတ်လိုက်ကာ ဦးတည်ချက်မရှိမြောလွင့််နေလျက်အတွေးနွံထဲနစ်နေရှာသည်။
ခုတင်ဘေးက စားပွဲခုံလေးပေါ်ပစ်တင်ထားတဲ့ဖုန်းကအဆက်မပြတ်တုန်ခါနေပေမယ့် ဖုန်းကိုင်မယ့်လူတော့မရှိလာခဲ့ပေ။
ဟန်လင်းထက်ကသူ့ရဲ့ဖုန်းကို silentလုပ်ထားတာကြောင့် ဖုန်းကတဒီးဒီးနဲ့ တုန်ခါနေခဲ့ကာကြားရပါများတော့စိတ်အနှောက်အယှက်ဖြစ်လာရပြီး ဖုန်းကို powerချဖို့ ဆွဲယူကြည့်လိုက်တော့phone screenထက်မှာ Daddyဆိုတဲ့ Contact nameကိုမြင်လိုက်ရလေသော်မျက်မှောင်တို့ကစုကြုတ်သွားရ၏။
သူကခံစားချက်ကင်းမဲ့နေတဲ့မျက်နှာထားနဲ့ဖုန်း Screenကိုစိုက်ကြည့်နေရင်း ကျစ်ခနဲစုတ်သပ်လိုက်လိုက်ပြီးနောက် ဖုန်းကိုpowerပိတ်ပစ်လိုက်ပါတော့သည်။
Powerချပြီးတဲ့အခါ လက်ထဲကဖုန်းကို စိတ်ညစ်ညူးစွာခုတင်ပေါ်သို့ပစ်ပေါက်လိုက်ပြီးနောက် ဖင်စည်ခံလေးကိုနံရံနဲ့ဖိသတ်လိုက်ကာ တောက်တစ်ချက်ခေါက်လိုက်ချေ၏။
"သတင်းကလည်းမြန်လိုက်တာ !"
ထို့နောက်ဗူးထဲကစီးကရက်တစ်လိပ်ကိုထပ်ဆွဲထုတ်လိုက်ပြီးမီးညှိလိုက်သည်။မီးခြစ်ထက်ကလူးလွန့်နေတဲ့မီးတောက်လေးကိုမျက်လွှာချကြည့်လိုက်ရင်း သူ၏အတွင်းစိတ်ထဲ၌ အမျက်ဒေါသတို့နဲ့အတူရေရွတ်လိုက်တော့လေသည်။
YOU ARE READING
HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)
Romanceသူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေလှိုင်းလေးနဲ့ဆင်တူတယ်။ရေလှိုင်းလေးတွေကပင်လယ်ပြင်ကြီးထဲကိုထွက်ခွာသွားပြီးဘယ်လောက်ထိကြာအောင်ကူးခတ်နေရပါစေ တစ်နေ့နေ့တော့ ကိုယ်ဆိုတဲ့ကမ်းစပ်လေးတ...