အခန်း(၁၉)- ရုန်းမထွက်နိုင်သော

6.2K 498 24
                                    

အခန်း (၁၉) - ရုန်းမထွက်နိုင်သော

Unicode

[The reason is You]


အဆောင်ပြန်လမ်းလေးတစ်လျှောက်မှာ တစ်စုံတစ်ဦးနဲ့အတူတူပြန်လာရတဲ့ခံစားချက်လေးက ဒီတစ်ခေါက်အတွက်တော့သာမန်အချိန်တွေထက်တစ်မျိုးတစ်ဖုံထူးခြားနေသည်။ဟန်လင်းထက်ရဲ့ပယင်းဖျော့ရောင်မျက်ဝန်းလေးများကဘေးတစ်ဖက်တစ်ချက်ဆီသို့ဒီဂရီစောင်းငဲ့ခြင်းမရှိပါဘဲ ရှေ့တည့်တည့်ကိုသာ တည်ချက်တည့်ထားလျက်ပင်။

မင်းစက်ကလည်း ပုခုံးချင်းယှဉ်လျက်လျှောက်လှမ်းနေသော ဘေးတစ်ဖက်တစ်ချက်ရှိလူသားလေးအား လျစ်လျူရှု၍မနေနိုင်တာကြောင့်မသိမသာလေးခိုးခိုးကြည့်နေခဲ့မိသည်။

ဒီအေးစက်စက်လေထုကြီးအားဖြိုခွင်းချင်မိပါသော်လည်း ထိုကောင်လေးအတွက်စဥ်းစားထားတဲ့စကားသံတို့က သူ့ရဲ့လည်ချောင်းဝတွင်သာ ပျောက်ကွယ်သွားခဲ့ရတာကြောင့်သူတစ်ခွန်းမှပြောမထွက်ခဲ့ပေ။

"ကျနော် အဆောင်ပြောင်းတော့မယ်"

"…"

မင်းစက်ရဲ့ခြေလှမ်းများကရုတ်ချည်းရပ်တန့်သွားသည်။

"ဘာလို့လဲ!"

"ကျနော်မနေတတ်လို့"

ဟန်လင်းထက်ကမင်းစက်ရဲ့အကြည့်များကိုတုံ့ပြန်လာခြင်းမရှိဘဲပြန်ဖြေနေခဲ့သည်။

မြတ်မင်းစက်ဆိုတဲ့လူသားလေးကိုတစ်ချက်လေးပဲဖြစ်ဖြစ်စောင်းငဲ့ကြည့်လိုက်မယ်ဆိုလျှင် သူချထားတဲ့နဂိုဆုံးဖြတ်ချက်တို့အား သူကိုယ်တိုင်ရိုက်ချိုးမိလိုက်မှာကို ကာယကံရှင်ကိုယ်တိုင်ကအတပ်သိနေခဲ့တာကြောင့် တစ်ယောက်သောသူရဲ့မျက်ဝန်းများကိုလွှဲရှောင်ကျောခိုင်းထားခြင်းပေ။

"aww…"

မင်းစက်ရဲ့ထိုသံရှည်ဆွဲသံလေးက ဟန်လင်းထက်ရဲ့မျက်ဆံလေးများကိုလှုပ်ခတ်စေနိုင်ခဲ့သည်။

"အေးလေ အလင်းလိုလူမျိုးကဘယ်
နေတတ်ပါ့မလဲ"

မင်းစက်ရဲ့နှုတ်ခမ်းဖျားတို့က ဟန်လင်းထက်အတွက် ထိုသို့သောစကားလုံးလေးများကိုသာ စွန့်ကြဲလာခဲ့တာမို့ အစောနက အရောင်တောက်လာတဲ့ ဟန်လင်းထက်ရဲ့မျက်ဆံလေးတွေက တမဟုတ်ချင်းအရောင်ပြန်မှိန်သွားကာသက်ပြင်းလေးအား တိတ်တခိုးချလျက်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now