အခန်း (၁၄) - Don't Worry!
Unicode
[I'm not Ok If you hurt]
ကျနော်အခန်းဆီပြန်ရောက်တော့ ညီလည်းပြန်ရောက်နေလေပြီ။ခုတင်ပေါ်မှာ နံရံဘက်ကိုမျက်နှာမူပြီးကွေးကွေးလေးအိပ်ပျော်နေကာ မနက်ကဝတ်စုံကိုတောင်မလဲအားသေး ဒီအတိုင်းလေးသာ။
'ဒီကလေး နေများမကောင်းဘူးလား'
ကျနော် သူ့နှဖူးလေးကို စမ်းကြည့်ဖို့ပြင်လိုက်သော် ကျနော့်လက်တွေက ရှေ့မဆက်နိုင်ဘဲ လေထုထဲမှာတင်
ရပ်တန့်သွားတာကြောင့် တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်ရုတ်လိုက်ကာခပ်လှမ်းလှမ်းကနေခေါ်လိုက်သည်။"ညီ.. ညီ.."
ကျနော့်ခေါ်သံကိုပြန်မတုံ့ပြန်လာတာကိုကြည့်ရသလောက် ဒီကလေး တကယ်အိပ်ပျော်နေပြီဖြစ်မည်။
ကျနော်လည်း နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ထိုကလေးကို အတင်းအကြပ်မနှိုးရက်ပါဘူးလေ။တော်ကြာ ကျနော်နှိုးလိုက်မှ ဒီကလေးခေါင်းမူးသွားပါဦးမယ်။
မင်းခန့်ထည်လည်းသူ့ခုတင်ပေါ်မှာတိုးတိုးတိတ်တိတ်ထိုင်ချလိုက်ပြီး ရှိုင်းဇေယံရဲ့ကျောပြင်လေးကိုအသံတိတ်စိုက်ကြည့်နေမိကာ အချိန်အတော်ကြာပြီးမှ ရေချိုးဆောင်ဆီသို့ထွက်သွားတော့လေသည်။
တစ်ယောက်သောသူရဲ့ခြေသံတွေက အခန်းထဲမှာပျောက်ကွယ်သွားတော့မှ ရွှန်းစိုနေဆဲမျက်ဝန်းလေးတစ်စုံရဲ့ကော့ညွှတ်နေတဲ့မျက်တောင်လေးများဟာ ပါးပြင်ပေါ်အရိပ်ကျနေရာကနေ နိုးထလာခဲ့ကြလေသည်။
နောက်တစ်ပတ်ကျောင်းစတက်တော့ king queen selectionများက ဋ္ဌာနသို့အချိန်ပြည့်သွားနေရတာကြောင့်အတန်းမတက်ရပေ။
နှစ်အသီးသီးကSeniorတွေလည်း ဋ္ဌာနသို့အကုန်စုဝေးရောက်နေကြပြီဖြစ်ကာ ပွဲအပြင်အဆင်များကိုအရင်နှစ်တွေထက်ပိုကောင်းအောင်ပြင်ဆင်ဖို့စုရုံးတိုင်ပင်နေကြတဲ့အဖွဲ့ကတစ်ဖွဲ့၊
စလိုက်မီးများဆင်ဖို့နဲ့စင်ဆောက်ဖို့ခေါင်းချင်းဆိုင်နေကြတဲ့အဖွဲ့ကတစ်ဖွဲ့၊ ပြဇာတ်ကဖို့ ဇာတ်ညွှန်းရေးနေကြတဲ့အဖွဲ့ကတစ်ဖွဲ့နဲ့အဖွဲ့အသီးသီးခွဲပြီးအားကြိုးမာန်တက်ပြင်ဆင်နေကြလေသည်။
YOU ARE READING
HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)
Romanceသူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေလှိုင်းလေးနဲ့ဆင်တူတယ်။ရေလှိုင်းလေးတွေကပင်လယ်ပြင်ကြီးထဲကိုထွက်ခွာသွားပြီးဘယ်လောက်ထိကြာအောင်ကူးခတ်နေရပါစေ တစ်နေ့နေ့တော့ ကိုယ်ဆိုတဲ့ကမ်းစပ်လေးတ...