အခန်း (၃၅) - အချစ်တေးကဗျာ
Unicode
[Happy Valentine's Day]
🎼ကဗျာတွေစီကာ အချစ်ဆုံးဖတ်ဖို့🎼
🎼နှလုံးသားဆီကစကားလုံးများ🎼
🎼အချစ်အဓိပ္ပါယ်တို့ ဖွင့်ဆိုနေချိန် အပြုံးပန်းတို့ ဖူးပွင့်မလား🎼
🎼အချစ်နှုတ်ဖျား.....🎼
ဟန်လင်းထက်တစ်ယောက် Guitarတစ်လက်နှင့်ကျောင်း Lobby၌အသံကောင်းကောင်းဖြင့်ဟဲနေလေသည်။ညနေခင်း Ferryတွေမဆိုက်လာခင်အချိန်က
ကျောင်းသားလေးတွေဟာသူတို့တိတ်တခိုး ချစ်နေရတဲ့ကျောင်းသူလေးများထံသို့အချစ်တေးသွားသဝဏ်လွှာလေးများပေးပို့နေကျဖြစ်တာကြောင့်ဒီအချိန်ဆိုလျှင်သီချင်းသံလေးတွေမစဲကြားနေရလေ့ရှိသည်။မင်းခန့်ထည်နဲ့ရှိုင်းဇေယံကတော့ Lobbyရှိခုံဝိုင်းတစ်ခုတွင်ထိုင်နေရင်း အပီအပြင်ဟဲနေပါသော အမောင်ဟန်လင်းထက်အားအံ့အားသင့်စွာဖြင့်ကြည့်နေမိကြသည်။
"ခွေးကောင်လေးကဒါလဲရတာပဲလား?"
"အကိုမင်းစက်က ကံကောင်းတာပေါ့။သူ့ကိုသီချင်းဆိုပြမယ့်ချစ်သူရှိတော့..."
အားကျနေတဲ့အရိပ်အယောင်တို့သမ်းနေတဲ့ကောင်လေးရဲ့မျက်ဝန်းတွေကိုမြင်သော်မင်းခန့်ထည်ကမှုန်သုန်သွားတဲ့မျက်နှာထားနဲ့အူတိုစွာဆိုသည်။
"ဘာလဲ ညီကသီချင်းဆိုပြတဲ့လူမျိုးကို
ကြိုက်တာလား""အင်း "
အေး....အင်းလို့သာဖြေနေတာမျက်လုံးကလူကိုမကြည့်ဘဲဟိုဘဲလေးဆီရောက်နေတယ်။
သူ့ရဲ့ချစ်သူလေးကသီချင်းဆိုပြတဲ့လူကိုကြိုက်တယ်လည်းကြားကော မင်းခန့်ထည်တို့များထိုင်နေရာကနေဗြုန်းခနဲထကာလုံချည်ကိုအပီအပြင်ပြင်ဝတ်လေတော့သည်။
သူ့ရဲ့မျက်နှာထားကစစ်မြေပြင်ကိုသွားတော့မည့်စစ်သည်တစ်ယောက်အလားရုတ်ချည်းပြောင်းလဲသွားရလေ၏။
YOU ARE READING
HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)
Romanceသူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေလှိုင်းလေးနဲ့ဆင်တူတယ်။ရေလှိုင်းလေးတွေကပင်လယ်ပြင်ကြီးထဲကိုထွက်ခွာသွားပြီးဘယ်လောက်ထိကြာအောင်ကူးခတ်နေရပါစေ တစ်နေ့နေ့တော့ ကိုယ်ဆိုတဲ့ကမ်းစပ်လေးတ...