အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀

6.2K 413 8
                                    

အခန်း (၁၇) - နာကျင်ခြင်းအမှတ်၃၆၀

Unicode

[အရူးပမာပြေးလွှားခြင်း ]


မင်းခန့်ထည်အတွက် ဆောင်းညတာသည်ရှည်ကြာလွန်းလှသဖြင့် ယနေ့ညတော့ သူဘယ်လိုကြိုးစားကြိုးစားအိပ်ပျော်နိုင်တော့မည်မဟုတ်ပေ။ ဘေးဘက်ဆီသို့မျက်ဝန်းထောင့်ကနေဝေ့ကြည့်လိုက်တော့ သူ့အားကျောခိုင်းထားလျက် အိပ်မောကျနေတဲ့ကောင်လေးတစ်ယောက်ကနံရံရဲ့တစ်ဖက်တွင်ရှိနေသည်။

မင်းခန့်ထည်လည်း ရှိုင်းဇေယံဘက်ဆီကို မျက်နှာမူလျက်အနေအထားအတိုင်း သူ့ကိုယ်ကိုလှည့်လာလိုက်ပြီး
အချိန်အတန်ကြာမျှ ထိုကောင်လေးရဲ့နောက်ကျောအား သူတိတ်ဆိတ်စွာငေးကြည့်နေမိသည်။ ထိုအချိန်အတွင်း၌ သူ့ဦးနှောက်ထဲ၌ နေရာယူထားခဲ့ပါသော ရှုပ်ထွေးသောင်းပြောင်းထနေသည့်အတွေးပေါင်းများစွာတို့ က လမင်းပေါ်တိမ်ဖုံးနေသကဲ့သို့နစ်မြုပ်ပျောက်ဆုံးနေလျက်။

ကောင်လေးကိုမျက်ဝန်းတွေကနေတဆင့်မြင်နေရစဥ်တွင် သူ့ရင်ထဲ၌ တစ်စုံတစ်ရာကအေးချမ်းမှုပေးစွမ်းနေသည်ကိုသူခံစားမိပေမယ့် ထိုတစ်စုံတစ်ရာအား သူ,မရှာဖွေဖြစ်ခဲ့ပေ။ ကောင်လေးရှိရာဘက်သို့ မျက်နှာမူလျက်သူ့မျက်လုံးများကိုမှိတ်ချထားလိုက်တဲ့အခါ အေးချမ်းကာအပူပင်ကင်းဝေးတဲ့အိပ်စက်ခြင်းဇုန်သို့ သူတခနလေးအတွင်းပင်ရောက်ရှိသွားတော့လေသည်။

မနက်ခင်းနေရောင်ခြည်လေးက အခန်းအတွင်းသို့ပြတင်းမှန်ကနေတဆင့်ထိုးဖောက်ဝင်ရောက်လာ၍ ရှိုင်းဇေယံရဲ့ပါးလျလျမျက်နှာလေးပေါ်သို့နွေးထွေးစွာဖြာကျလာခဲ့သည်။

ထိုအခါမှ သူနိုးလာရကာ ခုတင်ပေါ်၌ထထိုင်လိုက်ပြီးဘေးဘက်ခုတင်ဆီသို့လှမ်းကြည့်လိုက်လေသော် သူ့ရဲ့အခန်းဖော်ကိုမတွေ့တော့ပေ။စနစ်တကျခေါက်သိမ်းထားတဲ့ခုတင်လွတ်ကြီးကိုကြည့်နေရင်း ရှိုင်းရဲ့ရင်အစုံထဲသို့မကောင်းတဲ့ခံစားချက်တို့ကအဆမတန်တိုးဝင်လာခဲ့ပေသည်။

မနေ့ညက သူ့အားအကြင်နာမဲ့စွာ ဖယ်ချခဲ့သည့်လက်တစ်စုံကိုပြန်မြင်ယောင်လာခဲ့တဲ့အခါ ထိုလူအနားကနေအတတ်နိုင်ဆုံးဝေးဝေးနေရန်ဆုံးဖြတ်လိုက်သည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now