အခန်း(၃၇)- တရားခံရှာဖွေခြင်း

4.8K 402 33
                                    

အခန်း(၃၇) -တရားခံရှာဖွေခြင်း

Unicode

[မင်းတို့တွေကျိန်းသေပေါက်ပြန်ပေးဆပ်ရမယ်]

မင်းခန့်ထည်နဲ့ဟန်လင်းထက်တို့ကအခန်းထောင့်နားမှာရပ်နေတဲ့ရှိုင်းဇေယံဆီသို့လှည့်ကြည့်လာကြရင်း ရှိုင်းဆက်ပြောလာမည့်စကားတွေကိုအာရုံတစိိုက်နဲ့စောင့်ဆိုင်းနေကြသည်။

ထိုအကြည့်တွေအောက်မှာရှိုင်းဇေယံက သူ့ရဲ့လက်တွေကိုခပ်သာသာဖျစ်ညစ်လိုက်ရင်းဆက်ပြောလာသည်။

"ဒီနေ့အမဖြူစင်သော်ကကျနော့်ကို Final yearလှေကားဘက်မှာတွေ့ဖို့ချိန်းတယ်"

"ဘယ်အချိန်ကလဲ?"

"ကိုခန့်အဆောင်ကနေထွက်သွားပြီးမကြာဘူးအမတစ်ယောက်လာပြောတာ။
အဲ့အမနာမည်ကမေသဒ္ဒါတဲ့ အကိုတို့သူမကိုသိကြတယ်မှတ်လား"

"သိပ်သိတာပေါ့"

ဟန်လင်းထက်ကမျက်ခုံးပင့်လျက်ခပ်ဆတ်ဆတ်ပြန်ဖြေလာသည်။ထိုခပ်ဆတ်ဆတ်အသံတို့ထဲမှာဒေါသမာန်တို့ရောယှက်နေလျက်။

"မေသဒ္ဒါဆိုတဲ့မိန်းမက ကျောင်း Pageကို Hackခဲ့တဲ့တရားခံလေ။ငါ့အကိုကိစ္စတုန်းကဟိုမိန်းမနဲ့အတူတူကြံစည်ခဲ့တဲ့ကြံရာပါတစ်ယောက်ဆိုလည်းမမှားဘူး"

မင်းခန့်ထည်ကလည်းဟန်လင်းထက်ပြောလာတဲ့မေသဒ္ဒါရဲ့အကြောင်းတွေနဲ့ပက်သတ်ပြီးအကုန်သိပြီးသားပင်။ရှိုင်းဇေယံတစ်ယောက်တည်းသာမသိဘဲကွက်ကျန်ခဲ့တာကြောင့်ကောင်လေးတစ်ယောက်ခမျာမျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်ဖြင့်။

"ကိုယ့်ကိုဆက်ပြောပြပါဦး ညီ"

"Breaktimeအချိန်ကျရင် လှေကားဘက်မှာစကားပြောစရာရှိလို့ကျနော့်ကိုခနလာခဲ့ပါတဲ့။ပြီးတော့ချိန်းဆိုမှုအကြောင်းအကို့ကိုလုံးဝမပြောပြဖို့လည်း ကျနော့်ကိုမှာသွားသေးတယ်"

"ဒါဆို မင်းလေးနေ့လည်ခင်းတုန်းကသွားစရာရှိတယ်ဆိုပြီးရုန်းကန်နေတာအဲ့တာကြောင့်လား? ရှိုင်းလေး ကိုယ်ကမင်းရဲ့ချစ်သူပါကွ။ဘာလို့ကိုယ့်ကိုလိမ်ညာဖုံးကွယ်ထားဖို့စဥ်းစားရက်တာလဲ ? "

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now