အခန်း (၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
Unicode
[တစ်ယောက်သောသူရဲ့မတူညီသောအခြားတစ်ဖက် ]
မင်းခန့်ထည်နဲ့ဟန်လင်းထက်တို့ရဲ့စကားဝိုင်းကတော့ မုန်တိုင်းတစ်ခုဝင်မွှေနေတဲ့အလားပင်။ပြင်းထန်သောလေနီကြမ်းတို့က သူတို့၂ဦးစလုံးရဲ့ရင်ထဲတစ်နေရာ၌တဝုန်းဝုန်းတအုန်းအုန်းဖြင့်တိုက်ခတ်ဖျက်ဆီးလျက်ရှိသည်။
မင်းခန့်ထည်ရဲ့မျက်နှာထက်ကအပြုံးတို့ဟာရုတ်ချည်းပြောင်းလဲပျောက်ကွယ်သွားခဲ့ပြီး ဟန်လင်းထက်ရဲ့မျက်နှာအမူအရာဟာလည်း အေးခဲမှုအပြည့်နဲ့တစ်စထက်တစ်စတင်းမာလာခဲ့ရသည်။
"ဟုတ်တယ် ကျနော်က ကိုကြီးမာန်ရဲ့ညီအရင်းပဲ အဲ့တော့ ကိုကြီးအပေါ်လုပ်ခဲ့တဲ့ခများအပြစ်တွေအတွက် ပြန်ပေးဆပ်ရမှာကို
အခုကြောက်နေပြီလား"ဟန်လင်းထက်ရဲ့အသံများဟာ အက်ကွဲနေကာလှောင့်ထေ့နေသောအငွေ့အသက်များကစိုးမိုးထားသည်။
"ငါ ပြောလိုက်တဲ့စကားတွေက အဲ့လောက်ထိဖြစ်သွားလိမ့်မယ်လို့ငါမထင်ထားခဲ့မိဘူး
အဲ့ဒီအမှားကိုလည်း ငါဝင်ခံပါတယ် ငါအခုဒီနေမှာတင် မင်းရဲ့ရှေ့မှာဒူးထောက်ရမယ်ဆိုရင်လည်း ငါဒူးထောက်ပြီးတောင်းပန်ပါ့မယ်""ခများဒူးထောက်တောင်းပန်ရုံနဲ့
မကျေနိုင်တော့ဘူးဆိုတာ ခများသိရဲ့လား!"
ဟန်လင်းထက်ရဲ့မျက်ဝန်းများ၌ သွေးကြောမျှင်တို့ကနီဆွေးစွာပြည့်နှက်လာခဲ့ရပြီး ခမ်းခြောက်နေတာကြာပြီဖြစ်တဲ့မျက်ရည်တွေတောင်တစ်ဖန်ပြန်ဝဲတက်လာရသည်။မင်းခန့်ထည်လည်း ထိုကောင်လေးရဲ့စကားနဲ့အမူအရာတွေကို အသေအချာအကဲခတ်ကြည့်နေရင်းနဲ့ တစ်ခုခုကမူမမှန်တော့ဘူးဆိုတာကို သူရိပ်မိလိုက်လေသည်။
"ညီလေးဟန်လင်းထက် မာန် အဆင်ကောပြေနေရဲ့လား"
မင်းခန့်ထည်ရဲ့ထိုစကားအဆုံး၌ ဟန်လင်းထက်ကဒုန်းဆိုင်းလျှောက်လာကာ တစ်ဖက်လူရဲ့အင်္ကျီကော်လံအဖြူကို ကြေမွသည်အထိဆောင့်ဆွဲလိုက်လေသည်။
YOU ARE READING
HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)
Romanceသူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေလှိုင်းလေးနဲ့ဆင်တူတယ်။ရေလှိုင်းလေးတွေကပင်လယ်ပြင်ကြီးထဲကိုထွက်ခွာသွားပြီးဘယ်လောက်ထိကြာအောင်ကူးခတ်နေရပါစေ တစ်နေ့နေ့တော့ ကိုယ်ဆိုတဲ့ကမ်းစပ်လေးတ...