အချပ်ပို (၃)- လှပသောအနားသတ်Unicode
[မင်းတစ်ယောက်တည်းအတွက်ဖြစ်တည်နေတဲ့ဆုလာဘ်လေး]
ဒုန်း !!!!
ကိုယ်ခန္ဓာဝဖိုင့်ဖိုင့် အရပ်ရှည်ရှည်နှင့်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်သည်ရေညှိစိမ်းများတက်နေသည့်ကျောင်းအနောက်ဘက်အုတ်နံရံဆီသို့လက်သီးတစ်ချက်ကိုပစ်သွင်းလိုက်ပေ၏။
ဝက်ခြံတွေပစ်ထူနေသည့်မျက်နှာတစ်ခွင်မှာလည်းနီရဲနေ၍ နှာခေါင်းကောက်ကောက်ဆီကလည်းနှာတရှူးရှူးမှုတ်နေကာ ဒေါသငယ်ထိပ်တက်ဆောင့်နေမှန်းတစ်ချက်ကြည့်ရုံနှင့်တင်သိသာလှပေသည်။ထိုကောင်လေးကလက်သီးထိုးချက်စိုက်ဝင်သွားသောအုတ်နံရံကိုကျောခိုင်းလိုက်ပြီး အုတ်နံရံအဖြူရောင်ပေါ်၌ နောက်မှီထားရင်းသူ့အားရိသဲ့သဲ့အပြုံးဖြင့်လက်ပိုက်ကြည့်နေရှာသောဂျူတီကုတ်အဖြူရောင်နဲ့ကောင်လေးအား အက်ကွဲစူးရှလှသည့်အသံဖြင့်ဆိုလေသည်။
"ငါမင်းနဲ့စာရင်းရှင်းစရာရှိတယ် ! "
ဝဖိုင့်ဖိုင့်ကောင်လေးနဲ့အတူသူ၏အပေါင်းအဖော်ငါးယောက်ခြောက်ယောက်ခန့်လောက်ပါလာပြီး ဂျူတီကုတ်အဖြူရောင်နဲ့ကောင်လေးကတော့တခြားအဖော်တွေတစ်ဦးတစ်ယောက်မှမပါ သူတစ်ယောက်တည်းသာ ထိုနေရာသို့ရောက်ရှိလာခြင်းဖြစ်သည်။
သူတို့ရောက်ရှိနေသည့်နေရာက ကျောင်းဝန်းအနောက်ဘက်ရှိလူပြတ်လပ်ကာချောင်ကျသောနေရာတစ်ခုဖြစ်ကာ စာသင်ခုံအကျိုးအပဲ့များကို ကျောင်းအနောက်ဘက်တွင်စုပုံကာစွန့်ပစ်ထားသည်။
ဝဖိုင်ဖိုင့်ကောင်လေးက သူ၏ရှေ့ရှိခုံအကျိုးအပဲ့တစ်ခုကို မျက်နှာချင်းဆိုင်ကကောင်လေးဆီသို့ကန်ကျောက်ပစ်လိုက်သောအခါမျက်နှာချင်းဆိုင်ကကောင်လေးက သူ့ဆီလွင့်လာပါသောထိုခုံအကျိုးအပဲ့အား
ခုန်ကာပြန်ဆောင့်ကန်ပစ်လိုက်ပြီး အစောနကငါးယောက်ခြောက်ယောက်ခန့်စုကာဖင်ခေါင်းကျယ်နေသော အုပ်စုကိုလူစုကွဲသွားအောင်လုပ်ပစ်လိုက်သည်။လူအုပ်ကြီးက ကောင်လေး၏ထိုကန်ချက်ကြောင့်ဟိုဟိုဒီဒီပြေးရှောင်ကြရင်းရုတ်ရုတ်သဲသဲဖြစ်သွားကြရသည်။
YOU ARE READING
HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)
Romanceသူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေလှိုင်းလေးနဲ့ဆင်တူတယ်။ရေလှိုင်းလေးတွေကပင်လယ်ပြင်ကြီးထဲကိုထွက်ခွာသွားပြီးဘယ်လောက်ထိကြာအောင်ကူးခတ်နေရပါစေ တစ်နေ့နေ့တော့ ကိုယ်ဆိုတဲ့ကမ်းစပ်လေးတ...