အခန်း(၂၂) - Jelly & Jealous

7K 500 42
                                    


အခန်း (၂၂) - Jelly & Jealous

Unicode

[တစ်စုံတစ်ယောက်ရဲ့ရင်ထဲမှာအချစ်တွေရှိနေတယ် ]

လှေကားဘက်ခြမ်းကနေအနောက်ဘက်ခြမ်းရှိစာသင်ခန်းတွေကိုဖြတ်လျှောက်လာပြီးနောက် ဟန်လင်းထက်ကဘွဲ့နှင်းသဘင်ခန်းမထဲသို့မဝင်ဘဲရှေ့သို့ဆက်လျှောက်သွားတာကြောင့် မင်းစက်ကမေးခွန်းမေးရန်သူ့ရဲ့ပါးစပ်လေးကိုဖွင့််ဟလိုက်ပါသော်လည်း အမူအရာတို့ကင်းမဲ့နေရှာတဲ့ဟန်လင်းထက်ရဲ့မျက်နှာကိုမြင်တော့ ပါးစပ်လေးကိုပြန်ပိတ်လိုက်ကာ ထိုကောင်လေးနောက်ကနေတိတ်တိတ်ကလေးလိုက်သွားခဲ့လေသည်။

ဟန်လင်းထက်က အခန်းတစ်ခုထဲသို့မဝင်သေးခင်မင်းစက်ကို ဝင်လာခဲ့ဖို့ခေါင်းအသာငြိမ့်ပြလာပြီးမှစက္ကူပုံးလေးကိုပိုက်ရင်းဝင်သွားတော့သည်။

မင်းစက်လည်းဟန်လင်းထက်နောက်ကနေအခန်းထဲသို့လိုက်ဝင်သွားပြီးအခန်းထဲသို့ဝေ့ကြည့်လိုက်လေသော်တချို့Majorမှ king queen များကအခန်းထဲ၌ရှိနေသေးကြောင်းတွေ့လိုက်ရသည်။ထိုကလေးတွေထဲတွင်သူတို့ MC majorက Kingနဲ့ Queenလည်းအပါအဝင်ဖြစ်လေသည်။

သူတို့ကိုလေ့ကျင့်ပေးတဲ့စီနီယာတွေက Break Timeချိန်ဖြစ်တာကြောင့် Canteenရောက်နေကြပြီမို့ ထိုအခန်းထဲ၌ထောင့်တစ်နေရာတွင်ဖုန်းထိုင်သုံးတဲ့လူကသုံး၊ဂိမ်းစုဆော့နေကြတဲ့အဖွဲ့ကအသံတွေထွက်ပြီးဂိမ်းဆော့ကြနှင့်အဆင်ကိုပြေနေကြလေ၏။

"အကိုမင်းစက်!!!"

အခန်းထဲကိုဝင်လာတဲ့မင်းစက်ကိုတွေ့တာနဲ့ MCရဲ့ major Kingဖြစ်သူ ဆက်နောင်ခက
ဂိမ်းဆော့နေရာကနေထထွက်လာပြီး မင်းစက်အားအပြေးပြေးဖက်လာခဲ့လေသည်။ဆက်နောင်ခက ရှိုင်းဇေယံနီးပါးအသားမဖြူပေမယ့်အသင့်တင့်တော့ဖြူကာပိန်ပိန်ရှည်ရှည်လေးဖြစ်သည်။

လူအများအလယ်မှာ ထင်းထွက်နေတဲ့ရုပ်ရည်သွင်ပြင်တော့မရှိပေမယ့်သာမန်ရုပ်ရည်မျိုးလဲမဟုတ်ကာသင့်တင့်စွာဖြင့်သန့်ပြန့်ကြည့်ကောင်းသည်။ပြီးတော့ထိုကလေးဝတ်ထားတဲ့ Hublotတံဆိပ် King Goldနာရီကိုကြည့်ခြင်းအားဖြင့် တော်တော်ချမ်းသာတဲ့မိသားစုကနေဆင်းသက်လာတဲ့ Rich Kidလေးတစ်ယောက်ဖြစ်မှန်းသိသာပေါ်လွင်လို့နေသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Tempat cerita menjadi hidup. Temukan sekarang