အခန်း (၃၂) -ဇာတ်လမ်းဟောင်းလေး PartII
Unicode
[အတ္တဆိုတာအချစ်ဆိုတဲ့အရာနဲ့လုံးဝဆန့်ကျင်ဘက် ]
အစိမ်းရောင်အဆောက်အဦးအတွင်းရှိခုံတန်းလျားလေးတစ်ခုပေါ်တွင်လှပသိမ်မွေ့လှသော ကောင်မလေးတစ်ယောက်က သူမ၏ဖုန်းကိုစိတ်ဝင်တစားကြည့်နေလျက်နှုတ်ခမ်းထောင့်စွန်းတွေကိုကျေနပ်မှုအပြည့်နဲ့တွန့်ကွေးလိုက်သည်။ရံဖန်ရံခါလမ်းမဘက်ကိုလှည့်လှည့်ကြည့်လုပ်တတ်ကာ တစ်စုံတစ်ဦးကိုစောင့်နေဟန်တူသည်။ ထို့နောက် မကြာခင်တွင် ခန့်ညားချောမောလှသောမျက်နှာလေးထက်မှာတင်းမာခက်ထန်လွန်းတဲ့အမူအရာတစ်ခုကိုချိတ်ဆွဲထားပါတဲ့ပုံရိပ်လေးတစ်ရိပ်ကသူမရှိရာဆီသို့ဒုန်းဆိိုင်းဦးတည်လာခဲ့သည်။
ထိုကောင်လေးရဲ့တင်းတင်းဆုပ်ထားတဲ့လက်တစ်ဖက်ဆီကနေသွေးစက်တွေကတစက်စက်ကျဆင်းနေခဲ့သလို မျက်ဝန်းတစ်စုံတို့ကလည်းထိုသွေးစက်တွေနဲ့ခြယ်သထားတဲ့အလား သွေးနီရောင်သမ်းနေ၏။ သူ့ရဲ့ထိုမျက်ဝန်းတွေထဲမှာရောင်ပြန်ဟပ်နေတဲ့ မိန်းမလှလေး၏ပုံရိပ်လေးဟာ တစ်စစီဆုတ်ဖြဲခံရတော့မည့်နှယ်အန္တရာယ်အငွေ့အသက်တို့နဲ့ပြည့်လျှမ်းနေပေသည်။
သူမလေးက ထိုလူသားလေးကိုမြင်တာနဲ့မျက်ဝန်းတွေကတောက်ပသွားကာနူးညံ့လှပတဲ့အပြုံးလေးတစ်ပွင့်နဲ့အတူ ချိုသာကြည်လင်လှတဲ့အသံလေးဖြင့်မေးလာခဲ့သည်။
"မောင် ရောက်လာပြီလား"
ဖြူစင်သော်ရဲ့တုံ့ပြန်မှုက သူထင်ထားတာထက်တည်ငြိမ်လွန်းနေတာကြောင့်မင်းခန့်ထည်ရဲ့ဒေါသမီးတောက်တို့ကနှလုံးအိမ်ကိုပြာကျလုမတတ်ဟုန်းခနဲထတောက်လာကာ သူ့ရဲ့သွေးစွန်းနေတဲ့လက်တစ်ဖက်နဲ့လက်ညှိုးငေါက်ငေါက်ထိုးကာ မုန်းတီးစွာဖြင့်ခပ်ဆတ်ဆတ်မေးလိုက်တော့သည်။
"မင်းမှာကိုယ်ချင်းစာတတ်တဲ့နှလုံးသားမရှိဘူးလား ဖြူစင်သော်!"
မင်းခန့်ထည်ရဲ့လက်ကဒဏ်ရာကိုမြင်တော့ဖြူစင်သော်ရဲ့မျက်နှာလေးကဖြူဖျော့သွားကာအပြုံးတွေလည်းပျောက်ကွယ်သွားသည်။
YOU ARE READING
HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)
Romanceသူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေလှိုင်းလေးနဲ့ဆင်တူတယ်။ရေလှိုင်းလေးတွေကပင်လယ်ပြင်ကြီးထဲကိုထွက်ခွာသွားပြီးဘယ်လောက်ထိကြာအောင်ကူးခတ်နေရပါစေ တစ်နေ့နေ့တော့ ကိုယ်ဆိုတဲ့ကမ်းစပ်လေးတ...