အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ
Part IIUnicode
[အသက်ထက်ဆုံး ... ]
၅နှစ်တာကြာတဲ့အချိန်ကာလာတစ်ခုမှာ ခန္ဓာကိုယ်အောက်ပိုင်းလှုပ်ရှားမှုတွေကိုနေ့စဥ်မပြတ်ကြိုးစားလုပ်ဆောင်နေသောကောင်လေးမှာ အခြေအနေတို့တိုးတက်ကောင်းမွန်လာခဲ့သည်။သူအခု Wheelchairပေါ်တွင်အချိန်ပြည့်ထိုင်စရာမလိုတော့ပေမယ့်၁၀၀ရာခိုင်နှုန်းအပြည့်တော့ပြန်မကောင်းလာသေးပေ။
အဘိုးကြီးတွေကဲ့သို့တုတ်ကောက်တစ်ခုနဲ့သွားနေရကာ သူ့ရဲ့ခြေထောက်တွေကိုဒီလောက်ထိပြန်လှုပ်ရှားနိုင်တာနဲ့တင် သူ့အတွက်အတိုင်းထက်အလွန်ပင်ကျေနပ်စရာကောင်းနေခဲ့သည်။
သူ၏ဘေးတွင်အကိုဖြစ်သူကအချိန်ပြည့်လိုက်ပါစောင့်ရှောက်နေပြီး အခုချိန်၌ သူတို့ညီအကိုနှစ်ယောက်က Public parkတစ်ခုတွင်စိတ်ပြေလက်ပျောက်လမ်းလျှောက်နေခဲ့ကြတာဖြစ်သည်။
လမ်းလျှောက်ရတာတစ်နာရီလောက်ကြာပြီမို့ အကိုဖြစ်သူက သူ့အား အနီးနားရှိ သစ်သားခုံတန်းလျားလေးပေါ်၌ချပေးလိုက်ကာခနထိုင်နားစေလေသည်။
"လမ်းလျှောက်ရတာဘယ်လိုနေလဲ ခြေထောက်တွေထုံနေသေးတုန်းပဲလား? ခြေဖျားတွေနာနေရင် ကိုကြီးကိုပြောနော်...."
"အင်း"
ဒီကရာသီဥတုကနွေဦးရာသီမို့ရွက်ဟောင်းတွေကြွေကာရွက်သစ်နုနုလေးတွေဝေနေကြပြီး တချို့သစ်ရွက်ခြောက်တွေကတော့နွေလေပြေလေးအဝှေ့တွင်လမ်းမပေါ်၌ဦးတည်ရာမရှိလွင့်မြောနေကြသည်။
"အခုတလော ဘာတွေမြင်ယောင်လာသေးလဲ? ညီလေးဆီကအိမ်မက်တွေအကြောင်းမကြားရတော့တာတော်တော်ကြာနေပြီလားလို့"
ထိုအခါ ကောင်လေးကရယ်ပဲရယ်နေကာဘာမှပြန်ဖြေလာခြင်းမရှိတာကြောင့် ရှိုင်းဆက်ယံကစိတ်ချသွားတော့လေသည်။
YOU ARE READING
HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)
Romanceသူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေလှိုင်းလေးနဲ့ဆင်တူတယ်။ရေလှိုင်းလေးတွေကပင်လယ်ပြင်ကြီးထဲကိုထွက်ခွာသွားပြီးဘယ်လောက်ထိကြာအောင်ကူးခတ်နေရပါစေ တစ်နေ့နေ့တော့ ကိုယ်ဆိုတဲ့ကမ်းစပ်လေးတ...