အခန်း(၉)- Lonely

8.3K 500 11
                                    


အခန်း (၉) -Lonely

Unicode

[ကျောင်းရဲ့The Whole Kingက Gayတွေကိုမုန်းတယ် ]


Dryerဆီကလေပူလေးတွေက ညီ့ရဲ့နူးညံ့ပျော့ပျောင်းလှတဲ့ဆံနွယ်လေးတွေထက်မှာ ယှက်ပြေးနေတဲ့အချိန်တစ်စက္ကန့်တိုင်းဟာ
သူ့အတွက်တော့တစ်သက်တာကြာမြင့်နေသလိုပင်။

ဒီအခိုက်အတန့်လေးကို နားလည်ရခက်စွာ သူသဘောကျနေမိပေမယ့်သဘောကျရတဲ့အကြောင်းပြချက်ကိုတော့ ရှာမတွေ့ခဲ့ပြန်ပေ။

သူအရင်ကဒီလိုအပြုအမူမျိုးကိုအခြားဘယ်သူ့အပေါ်ကိုမှမလုပ်ပေးဖူးတာကြောင့်အထူးတဆန်းဖြစ်နေမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ထိန်းချုပ်မှုကင်းမဲ့နေတဲ့ သူ့ရဲ့အသွေးအသားတွေဟာ ညီ့ရဲ့ဆံပင်ဖျားလေးတွေထက်မှာ တဆတ်ဆတ်တုန်ခါနေတာကိုသာ
ညီသတိထားမိသွားရင် သူဘယ်လိုရင်ဆိုင်ရမလဲ...

စဉ်းစားရင်းတွေးတောရင်းနဲ့ အချိန်တွေကုန်ခမ်းလာတာနဲ့အမျှ သူတဖြည်းဖြည်းနဲ့အသက်ရှုရခက်လာကာ ဘယ်ဘက်ရင်အုံ၌လည်း ပြိုင်မြင်းတစ်ကောင်ဝင်ရောက်နေတဲ့အလားကစုန်ပေါက်နေတာကြောင့် သူ့ရဲ့ခုန်လှပ်နေပါတဲ့နှလုံးအိမ်တစ်စုံဟာ အပြင်ဘက်ဆီကိုခုန်ပေါက်ထွက်လာတော့မယ့်အတိုင်းပင်။သိပ်ကိုပရမ်းပတာနိုင်လွန်းလှ၏။

အခုချိန် သူ အတတ်နိုင်ဆုံးလုပ်နိုင်တာကတော့ အဖြေရှာရခက်ကာသောင်းပြောင်းရှုပ်ထွေးလွန်းနေတဲ့ဒီအခြေအနေကို ချာတိတ်လေးမရိပ်မိအောင် အကောင်းဆုံးဟန်ဆောင်ဖြတ်ကျော်လိုက်ခြင်းပေ။

မင်းခန့်ထည်တစ်ယောက် သူ့လက်ထဲက Dryerလေးရဲ့ခလုတ်လေးကိုနှိပ်လိုက်တဲ့အခါDryerသံလေးက ဖြေးညင်းစွာရပ်တန့်သွားတော့သည်။

"ညီ့ ဆံပင်လေးတွေခြောက်သွားပြီ"

သူခဲကပ်စွာပြုံးလျက်ဆိုလိုက်တော့
ကောင်လေးရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေက သူ၏မှင်သေသေမျက်ဝန်းများဆီသို့ ဦးတည်တိုက်ခိုက်လာတဲ့အခါ သူ့ဘက်မှစ၍ထိုကောင်လေးရဲ့မျက်ဝန်းလေးတွေကို ဥပေက္ခာပြုအကြည့်လွှဲလိုက်တော့သည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Tahanan ng mga kuwento. Tumuklas ngayon