အခန်း (၃၆) - အိပ်စက်နေသောကျနော့်ချစ်သူ
Unicode
[ကိုစက်ရဲ့ကိုယ်လေးကအေးစက်နေခဲ့တယ် ]
"ရှိုင်းလေး !"အဆောင်မှခပ်သုတ်သုတ်လျှောက်ထွက်လာသောရှိုင်းဇေယံအားလမ်းတစ်ဝက်တွင်မင်းခန့်ထည်ကအရဖမ်းမိခဲ့လေသည်။
မင်းခန့်ထည်အသံကြားတော့ရှိုင်းရဲ့ခြေလှမ်းများကတုံ့နှေးသွားပြီးမျက်ဝန်းလေးတွေကဝိုင်းစက်သွားရသည်။"Viberပြီးတော့ဘာလို့ဖုန်းမဆက်တာလဲ။
ကိုယ်လာကြိုမယ်လို့ပြောထားတယ်လေ။
ကိုယ်အခုဘယ်လောက်ထိစိတ်ပူနေလဲဆိုတာမင်းသိရဲ့လား"".... "
မင်းခန့်ထည်ကရှိုင်းဇေယံအားအရင်ဆူလိုက်ပြီးနောက် ခါးကိုင်းလိုက်ကာအသက်ကိုလုရှူနေရပေသည်။သူတကယ်ကိုနှလုံးရပ်တော့မတတ်ထိတ်လန့်သွားရခြင်းပေ။မနက်ကတည်းကသူ့ရင်ထဲလေးနေတာမို့ကောင်လေးကိုစိတ်မချဖြစ်ကာအဆောင်ရှေ့မှာတစ်ခါတည်းစောင့်သွားမယ်လို့သူပြောတော့လည်းထိုကလေးကလက်မခံတာကြောင့်သူ့ခမျာစိတ်မတင်မကျနဲ့ထွက်လာခဲ့ရသည်။
ဖုန်းဆက်တော့လည်းဖုန်းကစက်ပိတ်ထားတယ်ဆိုတော့သူဘယ်လိုလုပ်စိတ်အေးအေးထားနိုင်ပါ့မလဲ။ပြီးတော့ Labအဆောင်တွေကလူအသွားအလာနည်းပြီးလူပြတ်တတ်တော့သူလုံးဝစိတ်မချဖြစ်နေပြီးပူထူသွားကာရူးတောင်ရူးချင်နေပြီဖြစ်သည်။
ရှိုင်းကဟောဟဲလိုက်နေရှာသောမျက်စိရှေ့ကလူသားရဲ့ကျောပြင်လေးအားပုတ်ပေးလိုက်ပြီးအပြစ်ရှိတဲ့စိတ်တွေကရင်ထဲရုတ်ချည်းတိုးဝင်လာတာကြောင့်မဝံ့မရဲနဲ့မေးလိုက်လေသည်။
"ကိုခန့် အဆင်ပြေရဲ့လား .... "
'မပြေဘူး လုံးဝမပြေဘူး'
မင်းခန့်ထည်ကဘာမှပြန်မပြောလာဘဲကောင်လေးရဲ့လက်ကလေးကိုဆုပ်ကိုင်ထားရင်းအသက်မှန်မှန်ရှူနေလေသည်။ထိုအချိန်၌ သူ့ရဲ့မျက်ဝန်းတွေကနီတောက်နေကာ လက်ဖျားတွေကသွေးမရှိတော့သည့်နှယ်အေးစက်လို့နေတာကြောင့်ရှိုင်းဇေယံက တစ်ယောက်သောသူရဲ့လက်တွေကိုဆုပ်ကိုင်ပေးထားလိုက်လေသည်။
KAMU SEDANG MEMBACA
HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)
Romansaသူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေလှိုင်းလေးနဲ့ဆင်တူတယ်။ရေလှိုင်းလေးတွေကပင်လယ်ပြင်ကြီးထဲကိုထွက်ခွာသွားပြီးဘယ်လောက်ထိကြာအောင်ကူးခတ်နေရပါစေ တစ်နေ့နေ့တော့ ကိုယ်ဆိုတဲ့ကမ်းစပ်လေးတ...