ဆိုး- အပိုင်း (၁၁)

1.8K 124 4
                                    

ဒီကလေးမကတော့လေ ဒီအချိန်ကြီး ကလပ် (club)သွားပြီး မူးနေရတယ်လို့....
ကလပ်(club)ထဲရောက်တော့ ဆိုး ကို လိုက်ရှာရပါတော့သည်။ ဆိုးက အမူးလွန်ပြီး မှောက်နေလေသည်။

"ဆိုး....ဆိုး...''

ကျွန်မလည်း နာမည်ခေါ်ပြီး လှုပ်နှိုးလိုက်ရော ခေါင်းထောင်လာလေရဲ့....

"ဟာ....မမ...ရောက်ပြီလား...ဟဲဟဲ''

ကျွန်မကို အရက်ခွက်အတင်းထိုးပေးလေသည်။

"ရော့..ဒါမမအတွက်...''

"တော်ပြီ...ပြန်ကြရအောင်လေ''

"ဟာ...ပြန် ချင်သေးဘူးလေ''

အမူးသမားလေသံနဲ့ မပြန်ဘူးဆိုပြီး ရစ်နေလေရဲ့....

"မရဘူး ပြန်ရမယ်...မင်း မိဘတွေလည်း စိတ်ပူနေပြီဆိုတာ နားမလည်ဘူးလား....''

"ဒါဆို ကတိတစ်ခုပေးရမယ်...အဲ့တာပေးမှ ပြန်မယ်''

"ဘာကတိလဲ''

"မမ ဘယ်သူနဲ့မှလက်မထပ်ရဘူး''

"အေး...အေး..ပေးတယ် ပေးတယ် ထတော့''

"တကယ်....တ..ကယ်လား...ကတိဖျက်ရင် စိတ်ဆိုးမှာနော်''

"အေး...ထတော့ ပြန်ကြမယ်''

"ဟဲဟဲ....''

ဆိုးကို တွဲထူလိုက်သည်။

"ရတယ်မမ ဆိုး လျှောက်နိုင်ပါတယ်''

ဆိုးတစ်ယောက်တော့ ထွက်ပေါက်ဆီသို့ ယိုင်တိုင်ယိုင်တိုင်နဲ့ လျှောက်သွားလေသည်။ ထို့နောက် ကားရှိရာဆီသို့ တွဲ၍ခေါ်သွားပေးလိုက်သည်။

ကားပေါ်ရောက်သည်နှင့် ထုံးစံအတိုင်း ထိုင်ခုန်ခါးပတ်ကို ပတ်ပေးရန်လှမ်းဆွဲလိုက်သည်။ နောက်တစ်ကြိမ်ဆိုးနှင့်မျက်နှာချင်း အလွန်နီးကပ်သွားသည်။ နေ့လည်တုန်းကလိုပဲ ကျွန်မရင်တွေခုန်လာပါတယ်။ အဲဒီ နှုတ်ခမ်းဖူးဖူးလေးတွေကို နမ်းမိတော့မှာပဲနော်...ဒါပေမယ့်လည်း စိတ်ကိုထိန်းထားလိုက်ရသည်။ ဆိုးက ကျွန်မရဲ့ရှပ်ကော်လာကို ဆုတ်ကိုင်လိုက်ကာ ကျွန်မမျက်နှာနားသို့တိုးလာပြီး ကျွန်မရဲ့ နှုတ်ခမ်းကို သူမရဲ့နှုတ်ခမ်းလေးဖြင့် ဖွဖွလေး နမ်းလိုက်သည်။ အလွန်နူးညံ့သည့်အထိအတွေ့တစ်ခုကိုခံစားလိုက်ရသည်။ ထို့နောက်ကျွန်မရဲ့ရှပ်ကော်လံကိုဆုတ်ကိုင်ထားသည့် ဆိုးရဲ့လက်ကလေး ဘုတ်ခနဲ ပြုတ်ကျသွားပြီး ကျွန်မရဲ့ရင်ခွင်ထဲသို့ ခေါင်းငိုက်ကျလာသည်။ သူမအိပ်ပျော်သွားခြင်းဖြစ်သည်။

ဆိုး  (GL 🌈) Where stories live. Discover now