Unicode
စားသောက်ဆိုင်သို့ရောက်သောအခါ ဆိုးက ကြက်ပင်စိမ်းဟင်းနှင့်ထမင်းကိုမှာလိုက်သည်။
"ကြက်ပင်စိမ်းနဲ့ထမင်းရတယ်မလား''
"ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ့''
"ဒါဆိုအဲ့တာတစ်ပွဲနော်''
"မမရောဘာစားမှာလဲ''
"မမလည်း ကြက်ပင်စိမ်းပဲစားတော့မယ်''
"ဒါဆို ကြက်ပင်စိမ်းနှစ်ပွဲဖြစ်သွားပြီနော်''
"ဟုတ်ကဲ့ ခင်ဗျာ့...သောက်စရာတစ်ခုခုရော မှာဦးမလားခင်ဗျာ့''
"ပန်းသီးဖျော်ရည်တစ်ခွက်ရယ်....''
"အမအတွက်က သံပုရာရည်တစ်ခွက်နော် မောင်လေး''
"ဟုတ်ကဲ့ ဒါပဲလားခင်ဗျာ့''
"အင်း အဲ့တာပဲ အရင်မှာမယ်နော်''
"ဟုတ်ကဲ့ ၁၅မိနစ်လောက်စောင့်ရပါမယ်ခင်ဗျာ့''
"အိုခေ...သွားလို့ရပြီ အကို''
အစားသောက်များမှာပြီးသောအခါ ဆိုးက ဖုန်းသုံးနေလေသည်။ ကျွန်မလည်း လက်ပ်တော့ပ်(laptop) တစ်လုံးဖြင့်အလုပ်ရှုပ်နေသည်။ ဆိုးနဲ့တောင်စကားအေးအေး ဆေးဆေး မပြောနိုင်ပါ။ ကျွန်မ ထမင်းမစားမီ ပိုနေသည့်အချိန်များတွင် အလုပ်တစ်ခုခုလုပ်နေလေ့ရှိသည်။
"မမ...မမ..မမ..''
"အင်း ပြောလေ''
"ဘာကိုပြောလေလဲ အဲ့ ဟာကြီးခဏပိတ်ထားလို့မရဘူးလား''
"မရဘူး''
"နေ့လည်ထမင်းစားချိန်လေးတော့ ခဏလောက်နားသင့်တယ်လေ''
"အခုနားလိုက်ရင် အိမ်ကို အလုပ်အကြွေးတွေပါသွားမှာပေါ့''
"ဟာ...မလုပ်နဲ့ကွာ''
"ဟူး....''
"မမ ဒီပုံစံနဲ့ဘယ်လိုရည်းစားထားမှာလဲ''
"ဘာလို့''
"အချိန်မှမရှိတာ အားတိုင်း အလုပ်ပဲ လုပ်နေတယ်လေ''
"ဒါက အလုပ်ရှိတဲ့နေ့မလို့လေ''
"အလုပ်မရှိတဲ့နေ့ရောရှိလို့လား''
YOU ARE READING
ဆိုး (GL 🌈)
RomansaUnicode cafeတစ်ခုမှာ မထင်မှတ်ပဲ တွေ့ခဲ့ရတဲ့ အမည်မသိ ခပ်ဆိုးဆိုးချာတိတ်မလေးကို စိတ်ဝင်စားမိတဲ့ တည်ငြိမ်ရင့်ကျက်တဲ့ business womanမမ Grace တစ်ယောက် အဲဒီ့ ချာတိတ်မလေးနဲ့ ဘယ်လို အကြောင်းပါလာမယ်ထင်လဲ 🙄🌈♥ ''အမည်လေးမသိတာမို့ ဒီခပ်ဆိုးဆိုးကောင်မလေးကို ''...