"မမ အိမ်ပြန်ရောက်ပြီလား''
"အင်း ရောက်ပြီ''
"ဟုတ် မမ အိပ်တော့မှာမလား''
"ခဏနေအိပ်တော့မလို့''
"ဟုတ် ဒါဆို Good Nightနော် မမ''
"ဆိုးလည်း အိပ်တော့နော် နောက်ကျနေပြီ''
"ဟုတ်မမ''
"အင်း Good Night''
"ဟုတ်''
အိပ်ခါနီး new feed ခဏကြည့်ရန် facebookထဲခဏဝင်လိုက်သည်။ ပိုင့်အကောင့်လည်း မီးစိမ်းနေလေသည်။ ကျွန်မနဲ့ ဆိုး တွဲနေပြီဖြစ်ကြောင်း ပိုင့်ကိုသွားပြောပြရမည်။
"ဟဲ့...''
"အေး ဘာလဲ''
"ငါနဲ့ဆိုးတွဲလိုက်ပြီ''
"ဝိုး congratulations!!! နောက်ဆုံးတော့ နင်ရည်းစားရသွားခဲ့ပြီ...ဒါနဲ့ ဘယ်လိုတွဲသွားတာလဲ''
"နင်နဲ့ငါ့ကို အထင်လွဲနေတာ အဲ့တာရှင်းပြရင်းနဲ့ တွဲဖြစ်သွားတာ''
"အော်...အေးပါ အထင်လွဲနေလိုက်ကြတော့...''
"ငါသူ့ကိုအချိန်ပေးနိုင်ပါ့မလားမသိဘူး''
"ပေးနိုင်နိုင်မပေးနိုင်နိုင် ရည်းစားထားရင်တော့ အချိန်ပေးကိုပေးရမှာပဲ...အဲ့တော့ ညနေဘက်တွေတွေ့ကြပေါ့''
"အင်း အဲ့အချိန်လေးပဲ အားတာ''
"နင်နားချိန်တော့ လျှော့တာပေါ့...ဒါမယ့် ဒိတ်ရတာက နားရတာထက်ပိုကောင်းပါတယ် ဟားဟား''
"အင်း ဟုတ်မယ် အခုတောင် လွမ်းလာပြီ''
"အမလေး တော်တော်ဖြစ်နေတယ်''
"ဟားဟား အဲ့တာလာပြောပြတာ ငါအိပ်ပြီ''
"အေး Good Night''
"Good Night''
အိပ်ခါနီး မျက်လုံးမှိတ်လိုက်ချိန် အာရုံထဲ ဆိုးရဲ့ မျက်နှာလေးပေါ်လာပါတယ်။ ဆိုးနဲ့ နမ်းခဲ့တာကို ပြန်စဉ်းစားမိသွား၍ ပြုံးနေမိသည်။
ညက ပျော်စရာတွေတွေးရင်း အိပ်ပျော်သွားတာ နံနက် ၇နာရီခွဲတောင်ရှိပြီဖြစ်သည်။ မေမေက အတင်းလာနှိုး၍ နိုးလာရခြင်းဖြစ်သည်။
YOU ARE READING
ဆိုး (GL 🌈)
Storie d'amoreUnicode cafeတစ်ခုမှာ မထင်မှတ်ပဲ တွေ့ခဲ့ရတဲ့ အမည်မသိ ခပ်ဆိုးဆိုးချာတိတ်မလေးကို စိတ်ဝင်စားမိတဲ့ တည်ငြိမ်ရင့်ကျက်တဲ့ business womanမမ Grace တစ်ယောက် အဲဒီ့ ချာတိတ်မလေးနဲ့ ဘယ်လို အကြောင်းပါလာမယ်ထင်လဲ 🙄🌈♥ ''အမည်လေးမသိတာမို့ ဒီခပ်ဆိုးဆိုးကောင်မလေးကို ''...