ဆိုး- အပိုင်း (၁၇)

1.6K 100 2
                                    

"သား...''

"ဟုတ် အန်တီ''

"သမီးနဲ့သားက တကယ်ပဲ သူငယ်ချင်းတွေပဲလား''

"ဟာ...မေမေကလည်း သမီးတို့ကိုအထင်လွဲနေပြန်ပြီ''

"သမီးအဖေက ပိုင်နဲ့ဆိုသဘောတူမှာပါ...နောက်ပြီး
ဦးခင်မောင် တို့ကိုလည်း အားတော့နာပေမယ့် သမီးသဘောအတိုင်းပါပဲ''

ပိုင်က ဘာမှပြန်မဖြေပဲ ငြိမ်နေသည်။ အရင်ကဆို အသည်းအသန်ပြန်ငြင်းနေတဲ့ ကောင်က အခုတော့ ငြိမ်နေတယ်ဆိုတော့ တစ်ခုခု ကြံနေတာပဲ ဖြစ်ရမည်။
(သမီးသဘောအတိုင်းဆိုလည်း အတင်းလက်မထပ်ခိုင်းနဲ့ပေါ့မေမေရယ်....)

"သမီးသဘောအတိုင်းပဲဆိုတာတကယ်ပြောနေတာလား''

"တကယ်ပေါ့ သမီးရယ်''

"ဟဲ့ ပိုင် ဘာကြောင်ကြည့်နေတာလဲ''

"အော် အေး...နည်းနည်း အတွေးလွန်သွားလို့''

"သမီး သဘောကတော့ သမီး အိမ်ထောင်မပြုချင်သေးဘူး မေမေ...ဘယ်သူနဲ့မှလည်း လက်မထပ်ချင်ဘူး''

"ဒါဆိုရင်တော့ သမီး ကယ်ဗင်နဲ့ လက်ထပ်ရမယ်''

ဘေးတွင်ထိုင်နေသောပိုင်က ကျွန်မပုခုံးကို လှမ်းဖက်လိုက်သည်။

"အန်တီ ကျွန်တော်တို့နှစ်ယောက်က ချစ်သူတွေပါ''

"ဟဲ့ နင်ဘာတွေပြောနေတာလဲ''

ပိုင်က တိုးတိုးလေးပြန်ပြောသည်။

"ဟဲ့ ငြိမ်ငြိမ်နေ ပြီးရင်နင့်ကိုငါပြောပြမယ်''

"ဟော စောစောထဲကပြောပါလား သားရယ် ပြောတော့ သူငယ်ချင်းတွေပါဆို''

"Graceက အိမ်ထောင်မပြုချင်သေးဘူးဆိုလို့ ကျွန်တော်တို့လည်း အန်တီတို့ကို အသိမပေးဖြစ်သေးတာပါ''

"ကိုရေ ရှင်ပြောတာမှန်တယ် ဒီတစ်ခါတော့ ခင်မှားသွားပြီ''

"ဟားဟား ခင့်ကို ကိုမပြောဘူးလား ပိုင်နဲ့ သမီးက တွဲနေတာပါလို့''

"ဟုတ်ပါပြီ ရှင်ကလည်း''

"ခဏနော် ဖေဖေနဲ့ မေမေ... သမီး ပိုင်နဲ့ နှစ်ယောက်တည်း စကားသွားပြောလိုက်ဦးမယ်''

ဆိုး  (GL 🌈) Where stories live. Discover now