ဆိုး- အပိုင်း (၁၄)

1.7K 113 3
                                    

"သား...မင်းကိုပိုင် လာပါဦး''

"ဟုတ် အဖေ ဘာပြောမလို့လဲ သား အပြင်သွားတော့မလို့''

"တခါတလေလေးစကား​အေးဆေး ပြောပါရစေကွာ မင်းကလည်း လျှောက်လည်နေတာကြီးပဲ အသက်လည်း ရလာပြီ အပျော်အပါးတွေလျှော့ပါတော့''

"အဖေက ကျွန်တော့်ကို ဆူဖို့ပဲသိတယ်''

"မဆူရအောင် မင်းက ဘယ်လောက်များ လိမ္မာနေလို့လဲ''

"အဖေပြောချင်တာဒါပဲမလား ကျွန်တော်သွားတော့မယ်''

"နေဦး...ကျန်သေးတယ်''

"ဘာများလဲ''

"မင်း ရည်းစားလေးဘာလေးမရှိဘူးလား အဖေ့ဆီ ခေါ်လာပြီး တစ်ခါမှ မိတ်မဆက်ပေးဖူးဘူး''

"မမိတ်ဆက်မှတော့မရှိလို့ပေါ့ အဖေရယ်''

"ဒါဆိုရင်တော့ အဖေ့သူငယ်ချင်းရဲ့သမီးလေးနဲ့ မိတ်ဆက်ပေးမယ်''

"ဟာဗျာ မတွေ့ချင်ဘူး''

"ဒီအရွယ် မိန်းမမယူလို့ မင်းကဘယ်အချိန်ယူမှာလဲ''

"ကျွန်တော် လူပျိုကြီးပဲလုပ်မှာ....မိန်းမတွေဒဏ်မခံနိုင်ဘူးဗျာ''

ကျွန်တော် ဂေးတစ်ယောက်ဆိုတာကို အဖေ့ကို ပြောပြချင်ပေမယ့် မပြောပြရဲခဲ့ဘူး။ အဖေက ဂေးတွေကိုသိပ်မုန်းတာကြောင့် ကျွန်တော့်ကိုလည်းမုန်းသွားမှာစိုးတယ်။ကျွန်တော့်ကိုလက်မခံပေးမှာလည်းကြောက်တယ်။မေမေကလည်း ငယ်ငယ်ထဲက ဆုံးသွားတာကြောင့် ကျွန်တော့်မှာ အဖေ့အပြင် မိသားစုဝင်ဆိုတာမျိုးမရှိဘူး။ဒါကြောင့်လည်း ဖေဖေ ကျွန်တော့်ကို မုန်းသွားမှာကိုတော့မလိုလားဘူး။

"ဟိုတစ်ယောက်တောင် လက်ထပ်တော့မှာဆို...''

"ဘယ်တစ်ယောက်လဲ''

"Graceလေ...အဖေက သားနဲ့သူ့ကိုတွဲနေတယ်ထင်နေတာ...Graceနဲ့သာဆိုသဘောမတူစရာအကြောင်းမရှိဘူး''

"အကုန်လုံးကGraceကို ချွေးမတော်ချင်နေကြတာကြီးပဲနော်''

"Grace က ပြောစရာမလိုအောင်ကို ပြည့်စုံပြီး အရည်ချင်းရှိတဲ့ မိန်းကလေးမျိုးလေ''

"အဲ့တာနဲ့ပဲ ကောင်းရောလား''

"သူ့ခင်ပွန်းဖြစ်မယ့်သူကိုလည်း ဘေးကနေလိုက်ထိန်းပေးနိုင်မယ့် မိန်းကလေးမျိုးလေ...အဖေတို့က ကြည့်လိုက်တာနဲ့ ဘယ်သူက ဘယ်လိုဆိုတာ သိနေပြီ သားလိုလူမျိုးကအဲ့လိုမိန်းကလေးမျိုးလိုအပ်နေတာ ''

ဆိုး  (GL 🌈) Where stories live. Discover now