ဆိုး- အပိုင်း (၈)

1.7K 127 0
                                    

Unicode

ဖေဖေနဲ့ မေမေတို့က Graceဆိုတဲ့ မိန်းကလေးရဲ့နာမည်ကို ပါးစပ်ဖြားကမချအောင်ကို ပြောနေကြ၍ အမြဲလိုလို ကြားနေရသည်။ ထိုမိန်းကလေးအား ချွေးမတော်ရလျှင်ကောင်းမှာပဲဟု ပြောနေကြပြန်သည်။ အရွယ်နဲ့မလိုက်အောင်ရင့်ကျက်သည့်အပြင် အရည်အချင်းအပြည့်နှင့် ရုပ်ရည်ပိုင်းလည်းပြောစရာမရှိအောင်ပြည့်စုံပြီး မိသားစုအသိုင်းအဝိုင်းကလည်း
ပြည့်စုံကြွယ်ဝသည့် Graceဆိုသည့်မိန်းကလေးအကြောင်း ကြားရသည်မှာ အက်ကြောင်းထပ်နေပြီဖြစ်သည်။ အပြင်မှာ တစ်ခါလောက်တော့မြင်ဖူးချင်သေးသည်။ နောက်တစ်ပတ်ထဲတွင် သူမမွေးနေ့ပွဲရှိသည့်အတွက် ဖေဖေတို့နှင့်အတူလိုက်သွားရဦးမည်။

Grace၏ မွေးနေ့ရောက်သောအခါ....

"သမီး... Roseရေ... ပြီးပြီလား မြန်မြန်ဆင်းလာတော့ မေမေတို့သွားရတော့မယ် နောက်ကျနေပြီသမီးရေ''

"လာပါပြီမေမေရယ်''

"ဟဲ့ ဒါကဘာ ဦးထုပ်ကြီးလဲ အကြီးကြီးပဲ ကို့ရို့ကားယားနိုင်လိုက်တာသမီးရယ်''

"ဒါဖက်ရှင်လေမေမေ...ဘယ်လိုလဲ သမီးလှတယ်မလား''

"လှပါတယ်...Graceကတော့ပိုလှနေမှာသေချာတယ်''

"မေမေကလည်း ကိုယ့်သမီးထက်တောင်အဲ့ Graceဆိုတဲ့တစ်ယောက်ကိုပိုချစ်နေတယ်''

"သမီးဟိုရောက်မှကြည့်လိုက်ပါ Graceက ဘယ်လောက်တောင် သဘောကျစရာကောင်းလဲဆိုတာ''

"သမီးပိုလှနေမှာသေချာပါတယ် မေမေရယ်''

"ညီမလေးလို စပ်စလူးနဲ့ တူမလား...Graceက တည်တည်ငြိမ်ငြိမ်လေးနဲ့လှတာ...''

"ကိုကိုကလည်းနော် ညီမလေးကိုဆို အကောင်းကိုမပြောဘူး''

"အမှန်တိုင်းပြောတာလေ''

"ဘာလဲ အဲ့Graceက မြန်မာဆန်ဆန် ဝတ်ပြီး ဆံထုံးနဲ့ မလို့လား''

"မဟုတ်ဘူးသမီးရေ... ကယ် ခင်တို့ကလည်း လေအိုးဖုတ်နေကြပြန်ပြီ လာကြတော့''

"ရှင့်သမီးကိုပြောပြနေတာပါနော်''

"ကယ်...ကားပေါ်တက်ကြ သွားကြမယ်''

ဆိုး  (GL 🌈) Where stories live. Discover now