ဆိုး-အပိုင်း (၁၅)

1.7K 132 6
                                    

ပိုင်နဲ့ ထက်နိုင်တို့အတွဲပြန်သွားပြီး ခဏအကြာတွင် ဆိုးကရောက်လာပါတော့သည်။

"မမ''

"အင်း ဆိုး ရောက်ပြီလား ခဏထိုင်နေနော်''

ဆိုးကိုစကားပြောနေသော်လည်း လူကတော့ အလုပ်နဲ့ပတ်သက်တဲ့ စာရွက်တွေမှာ လက်မှတ်လိုက်ထိုးပေးနေရ စစ်ဆေးရနဲ့ ဆိုးကိုတောင် ခေါင်းပေါ် ပြီးမကြည့်နိုင်တဲ့အထိကို အလုပ်များနေပါတယ်။ ၁၀မိနစ်လောက်ကြာသောအခါ ဆိုးနဲ့ စကားပြောရန် အလုပ်တွေကိုခဏရပ်လိုက်သည်။ ထိုအချိန်မှပဲဆိုးကိုကြည့်မိရာ bodyfit အနက်ရောင် ဝတ်စုံအတိုလေးနဲ့ အရမ်းကို လှနေပါတယ်။ ပုခုံးအကျလေး(shoulder off) ဝတ်ထားတာကြောင့် လည်တိုင်လေးနဲ့ ကော်လာဘုံး (collar bone)လေးများကလည်း ထင်းနေတာပါပဲ...ကြည့်နေတုန်းကတော့ ဆိုးရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ အပြင်အဆင်ကိုပေါ့။နောက်တော့ နှုတ်ခမ်းဖူးဖူးလေးတွေဆီအာရုံရောက်မိသွားတယ်။ အဲ့နေ့ညက အဖြစ်အပျက်ကို ခေါင်းထဲပြန်ပေါ်လာပြန်သည်။ ကျွန်မရဲ့ စိတ်ကူးထဲမှာတော့ ဆိုးကို အကြိမ်ကြိမ်နမ်းပြီးနေပါပြီ။ အပြင်မှာတော့စိတ်ထိန်းထားရတာပေါ့လေ....

"မမ အလုပ်တွေပြီးပြီလား''

"အမ်...အလုပ်ကတော့ မပြီးသေးပါဘူး..ဆိုးကို တစ်ယောက်တည်းထိုင်စောင့်မနေစေချင်လို့ပါ''

"ရပါတယ် မမရယ် အလုပ်ကိုသာပြီးအောင်လုပ်ပါ''

"မလုပ်သေးပါဘူး အမလည်းခဏနားမလို့ပါ''

"လူရွေးပွဲက စတော့မှာနော် မမ''

"အင်း ဆိုးကို အမလိုက်ပို့ပေးမယ်လေ လူရွေးပွဲက
၁၀ လွှာ မှာ''

"ဟုတ် မမ''

"ဟိုနေ့က အိမ်ကဆူသေးလား''

"ဆူတာပေါ့ မမရယ် ဒယ်ဒီ ဖေဖေက ဆိုးကို ပြောလိုက်တာမှ ပွစိပွစိနဲ့''

"ဆိုးလည်းနောက်ဆိုတစ်ယောက်တည်းသွားရင် အဲ့လောက်မူးအောင်မသောက်နဲ့''

"ဟော...မမကပါ လာဆူနေပြန်ပြီ''

"မဆူပါဘူး ဒါဆိုးကိုကောင်းစေချင်လို့ ပြောနေတာ''

"အင်းပါမမရယ် မသောက်တော့ပါဘူး နောက်ဆိုမမပါလိုက်ခဲ့ပေးရမယ်''

ဆိုး  (GL 🌈) Where stories live. Discover now