Unicode
ဖုန်းကို အရိပ်တကြည့်ကြည့်ဖြင့် ဆိုးရဲ့စာကို မျှော်နေမိသည်။ ကျွန်မအိပ်ခါနီးအချိန်တွင် ဆိုးက စကားလာပြောလေသည်။
"ဟယ်လို မမ''
"ဟယ်လို''
"အိပ်တော့မှာလားဟင်''
"အင်းဟုတ်တယ်...ဆိုး ဘာပြောစရာရှိလို့လဲ ''
"မနက်ဖြန် မမ ရုံးခန်းမှာရှိမယ်မလား''
"အင်းရှိတယ်လေ ဘာလို့လဲ''
"လာမလို့''
"မော်ဒယ်ရွေးပွဲက နောက်တစ်ပတ်မှနော်''
"ဟုတ် သိတယ်လေ အခုက မမဆီ အလုပ်ကြောင့်မဟုတ်ပဲ သီးသန့် လာလည်ချင်လို့ပေါ့လို့''
"အယ်...လာတာက လာလို့ရပါတယ်...ဒါပေမယ့်...''
"ဒါပေမယ့် ဘာဖြစ်လဲ''
"မမက အလုပ်နဲ့ပဲ တိုင်ပတ်နေမှာ...အဲ့တော့ ဆိုး လာလည်လည်း ကောင်းကောင်းဧည့်ခံနိုင်မှာမဟုတ်ဘူး''
"ရပါတယ် မမအားတဲ့ အချိန်ထိစောင့်မှာပေါ့''
"မမက ထမင်းစားချိန်နဲ့ ရုံးဆင်းချိန်ပဲ နားတာ...ကျန်တဲ့အချိန်မအားဘူးရယ်''
"အင်းပါ အားတဲ့အချိန်ထိစောင့်မယ်''
"သဘောပါ...လာချင်ရင် လာခဲ့ပေါ့''
"ဟုတ်''
"ဒါဆို မမ အိပ်တော့မယ် Good Night''
"အိပ်တော့မလို့လား မမ''
"အင်း...ပြောစရာကျန်သေးလို့လား''
"ဟင့်အင်း...''
"အင်း ဒါဆို အိပ်ပြီ''
"Good Nightမမ''
နောက်နှစ်လအကြာတွင် ကျင်းပမည့် ဖက်ရှင်ရှိုးပွဲအတွက် ကျွန်မအပါအဝင် ကုမ္ပဏီတစ်ခုလုံး အလုပ်ရှုပ်နေကြသည့်ကာလဖြစ်သည်။ ကျွန်မဆီလာလည်မည့် ဆိုးကို ဧည့်ခံနိုင်မည်မဟုတ်ပါ။ သို့သော်ဆိုးနှင့်စကားအေးဆေးပြောချင်သေးသည်။ ကျွန်မလည်း မနက်အလုပ်နောက်ကျမည်စိုး၍ အိပ်လိုက်ရသည်။
နံနက်ရောက်သောအခါ ပိုင်ကဖုန်းဆက်လာသည်။"ဟျောင့် Grace....နင်ပေးထားတဲ့ ဟိုနာရီလေးလေ မနေ့က နင့်အိမ်မှာကျန်ခဲ့သေးလား''
YOU ARE READING
ဆိုး (GL 🌈)
RomanceUnicode cafeတစ်ခုမှာ မထင်မှတ်ပဲ တွေ့ခဲ့ရတဲ့ အမည်မသိ ခပ်ဆိုးဆိုးချာတိတ်မလေးကို စိတ်ဝင်စားမိတဲ့ တည်ငြိမ်ရင့်ကျက်တဲ့ business womanမမ Grace တစ်ယောက် အဲဒီ့ ချာတိတ်မလေးနဲ့ ဘယ်လို အကြောင်းပါလာမယ်ထင်လဲ 🙄🌈♥ ''အမည်လေးမသိတာမို့ ဒီခပ်ဆိုးဆိုးကောင်မလေးကို ''...