Unicode
"ဆိုး''
မ' က ကျွန်မနောက်သို့ ပြေးလိုက်လာသည်။ ကျွန်မနာမည်ကို အဆက်မပြတ်ခေါ်နေလေသည်။
"ဆိုး.....ဆိုး...ဟေ့ ဘယ်ကိုပြေးနေတာလဲ''
မ'က ကျွန်မရဲ့လက်ကိုအနောက်မှလှမ်းဆွဲလိုက်သည်။
"ဆိုး...''
"ကျွန်မအသားကို မထိနဲ့''
"ဟယ်...ဟိုတစ်ယောက်နဲ့ အထင်လွဲသွားတာမလား''
"ဘာကို အထင်လွဲရမှာလဲ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပဲကို''
"အယ်...သူခလုတ်တိုက်မိလို့ မ'ကထိန်းပေးလိုက်လို့ပါ....ဆိုးအမြင်မှာတော့ အထင်လွဲစရာဖြစ်သွားမယ်ဆိုတာ မ'နားလည်ပါတယ် အဲ့အတွက် မ'တောင်းပန်ပါတယ်နော်..စိတ်မဆိုးပါနဲ့...''
"တွဲတာဖြင့်တစ်ပတ်မပြည့်သေးဘူး မ'ကို ဒီလိုမြင်လိုက်ရတာတကယ်အဆင်မပြေဘူး...အဲ့တစ်ယောက်ကိုလည်း ကြည့်မရဘူး အလုပ်ထုတ်လိုက်တော့''
"ဆိုးရယ် အဲ့လိုတော့လုပ်လို့ဘယ်ရမလဲ... ကိုယ်ရေးကိုယ်တာခံစားချက်ကြောင့်နဲ့ လူတစ်ယောက်ကိုအဲ့လိုပြီးစလွယ်အလုပ်ထုတ်ပစ်လို့ဘယ်ရမလဲ
ဆိုးရယ်...''"ဟာမသိဘူး...သူကြည့်ရတာ မရိုးဘူး ထုတ်ပစ်မှကျေနပ်နိုင်မယ်''
"မ'ကိုဆိုးချင်ဆိုးပါ ကိုယ့်လက်အောက်ကလူတွေ ကိုယ့်ထက်အားနည်းတဲ့သူတွေအပေါ်ကိုတော့ အနိုင်လိုချင်တဲ့စိတ်မျိုးမထားပါနဲ့လား မ'မကြိုက်ဘူး''
(သူများက သဝန်တိုလို့ပြောနေတာကို ဆုံးမစကားတွေလာပြောနေပြန်ပြီ)
"တော်ပြီမပြောချင်တော့ဘူး...''
"ဆိုး...''
"ဘာလဲ...''
"ချစ်လား''
"မသိဘူး''
"မ'အတွက်ကတော့ ဆိုးတစ်ယောက်ပဲရှိတာပါ...ဆိုးကိုပဲချစ်တာပါ...ယုံပါနော်''
"တော်ပါ...နောက်အဲ့လိုမမြင်ချင်ဘူးနော်''
"ဒါဆိုစိတ်မဆိုးတော့ဘူးပေါ့နော်''
"မသိဘူး''
မ'က ကျွန်မကို ဖက်ထားသည်။
"တစ်နေ့လုံးဆိုးနဲ့တွေ့ရမယ့်အချိန်လေးကိုပဲ အမြန်ရောက်ချင်နေခဲ့တာ အခုဆိုးက စိတ်ဆိုးနေတော့ မ'က ဘယ်စိတ်ကောင်းပါ့မလဲ''
YOU ARE READING
ဆိုး (GL 🌈)
RomanceUnicode cafeတစ်ခုမှာ မထင်မှတ်ပဲ တွေ့ခဲ့ရတဲ့ အမည်မသိ ခပ်ဆိုးဆိုးချာတိတ်မလေးကို စိတ်ဝင်စားမိတဲ့ တည်ငြိမ်ရင့်ကျက်တဲ့ business womanမမ Grace တစ်ယောက် အဲဒီ့ ချာတိတ်မလေးနဲ့ ဘယ်လို အကြောင်းပါလာမယ်ထင်လဲ 🙄🌈♥ ''အမည်လေးမသိတာမို့ ဒီခပ်ဆိုးဆိုးကောင်မလေးကို ''...