ဆိုး- အပိုင်း (၁၆)

1.7K 116 0
                                    

နံနက်စောစောစီးစီးဖုန်းသံကြား၍ လန့်နိုးလာသည်။ အလွန်အိပ်ချင်နေသေး၍ မျက်လုံးများကိုပွတ်သပ်ပြီး ကြိုးစားဖွင့်ရသည်။ ဖုန်းကိုကြည့်လိုက်ရာ ပိုင့်ဆီကဖုန်းဖြစ်နေသည်။ နာရီကိုကြည့်လိုက်ရာ နံနက် ၅နာရီခွဲသာရှိသေးသည်။

"ဟဲ့...ငါပင်ပန်းရတဲ့ကြားထဲ နင်က ဒီအချိန်ကြီးဘာအရူးထပြီးဖုန်းဆက်တာလဲ''

"အရေးကြီးနေလို့''

"ဘာအရေးကြီးတာလဲ''

"ငါ့ကို ငါ့ အဖေက ဘုရားသွားမယ်ဆိုပြီး အစောကြီး လာနှိုးတယ်''

"အေးသွားပေါ့ အဲ့တာဘာဖြစ်လဲ''

"ဘာဖြစ်လဲဆိုတော့ သူ့သူငယ်ချင်းရဲ့သမီးနဲ့ မိတ်ဆက်ပေးမယ်ဆိုတာလေ နင့်ကိုငါပြော​ပြထားသေးတယ်လေ''

"အေး အဲ့တော့''

"အခု ဘုရားကို အဲ့မိသားစုကိုပါချိန်းထားတာ အခုတွေ့နေရပြီ''

"အမလေးဟယ် ဒီအချိန်ကြီး အန်ကယ်ကလည်း လုပ်လိုက်ရင် ပေါက်ပေါက်ရှာရှာနော်''

"အေး အဲ့မိသားစုက အရင် ချိန်းထားတာတဲ့ ငါ့ကိုအခုမှပြောပြတယ် ကြိုပြောရင်မလိုက်မှာစိုးလို့တဲ့''

"အိုး ခိုင် မော့...''

"အိုး မိုင် ဂေါ့ ပါကွာ''

" ငါထိုင်းကားကြည့်ထားတာမကြာသေးဘူး ယောင်သွားလို့ပါဟယ်''

"ငါမယူချင်ဘူး အဲ့ကောင်မလေးပုံစံကလေ အေးအေးချမ်းချမ်းနဲ့ တောထွက်တော့မယ့်အတိုင်းပဲ''

"နင်က ဘယ်လိုပုံဖြစ်ဖြစ် မိန်းမဆို မယူဘူးမလား''

"အေးဟုတ်တယ် နင်ပြောတဲ့အတိုင်းပဲ''

"ဘာပဲဖြစ်ဖြစ် အလိုက်အထိုက်တော့ ခဏနေလိုက်ပေါ့...တွေ့နေရပြီပဲလေ''

"ပြီးရင် မနက်စာသွားစားကြမှာ''

"အေး စားကြ...ငါပြန်အိပ်တော့မယ်''

"နင်ကလည်း အားကိုမကိုးရဘူး''

"ဟဲ့ အဲ့တော့ ငါက ဘာလုပ်ပေးရမှာလဲ''

"မသိဘူး နင်နေမကောင်းဘူးဆိုပြီး ထွက်လာရင်ကောင်းမလားလို့''

ဆိုး  (GL 🌈) Where stories live. Discover now